Breaking

မျက်နှာဖုံးများ ကွာကျလာသည့် တော်လှန်ရေး ကိုယ်ကျိုးစီးပွားပြဿနာ

၂၀၂၆ ၊ ဇွန် ၂၂

    တော်လှန်ရေးဟု အမည်ပေးထားသည့် လှုပ်ရှားမှုတစ်ရပ်က ပီပီပြင်ပြင် ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင်ဆန့်ကျင် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ကြီးက တိုင်းရင်းသားလက်နက်ကိုင် EAO နှင့် နိုင်ငံရေးမကျေလည်မှုအရ ပေါ်ပေါက်လာခဲ့သည့် PDF ဟု ခွဲခြားပြထားပြီး  တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရေးအတွက် မတူညီသော ဖြေရှင်းနည်းဖြင့် ဖြေရှင်းမည်ဟု ထုတ်ဖော်ပြောကြားထားသည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအလှည့် အပြောင်းကာလတွင် NUG အမည်ခံကာ တိုင်းပြည်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားလိုသူများက လူငယ်များကို ၎င်းတို့၏ နိုင်ငံရေးဝါဒမှိုင်းများ၊ ဖြစ်နိုင်ခြေနည်းပါးသည့် မျှော်လင့်ချက် အမှားများဖြင့် PDF အမည်ခံ လက်နက် ကိုင်အဖွဲ့များ ပေါ်ပေါက်လာသည်အထိ မြှောက်ပင့်ပေးခဲ့ကြသည်။ တရားဥပဒေစိုးမိုးရေး လက်လှမ်းမမီနိုင်သည့် တိုင်းရင်းသား လက်နက် ကိုင်များရှိရာ နယ်မြေများ အတွင်းသို့ လူငယ်များ လာရောက်ကြရန် အမျိုးမျိုးသော သွေးဆောင်ဖြားယောင်းမှုများဖြင့် ၎င်းတို့ကြိုး ကိုင်၍ ရနိုင်မည့် PDF အမည်ခံ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို စတင်သန္ဓေတည်စေခဲ့သည်။ ၎င်းတို့၏ ဝါဒမှိုင်းများကြောင့် တိုင်းပြည်၏ နေရာဒေသအချို့တွင် PDF အ မည်ခံ အဖွဲ့ပေါင်းစုံ ပေါ်ပေါက်လာပြီးနောက် NUG အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လူငယ်ထုကို အသုံးချရန် စတင်ပြင်ဆင်ခဲ့သည်။
    လက်နက်ကိုင်လမ်းစဉ်ဟူသည် နိုင်ငံရေးအရ ဘယ်သောအခါမှ ထိရောက်သည့် လမ်းစဉ်မဟုတ်ကြောင်း သိရှိထားသည့် အရွယ်လွန်မျိုးဆက်များမှ လူငယ်များကို GZ ဟု မြှောက်ပင့်ပေးပြီး အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ကို တော်လှန်ရေးတံဆိပ်ကပ်ကာ အစိုးရကို ဆန့်ကျင်တိုက်ခိုက်စေခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သဘောသဘာ၀မတူသလို တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းဆိုသလို PDF အမည်ခံလက်နက်ကိုင် အဖွဲ့ပေါင်းများစွာ မှိုလိုပေါက်လာခဲ့ပြီး ခေါင်းဆောင်ပေါင်းများစွာဖြင့် အခြေပြုရာ ရပ်ရွာများတွင် အကြမ်းဖက်လုပ်ရပ်များဖြင့် စတင်ခဲ့ကြသည်။ ယင်းဖြစ်ရပ်များကို ထောက်ရှု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက PDF များသည် နောင် တစ်ချိန်တွင် ဓားပြအဖွဲ့သာသာ အဖွဲ့များ ဖြစ်သွားလိမ့်မည်ဟူသော မှတ်ချက်က ယနေ့အချိန်တွင် မှန်ကန်လာခဲ့ပြီဖြစ်သည်။ နိုင်ငံရေး အာဃာတကြောင့် လူငယ်ထုကို မြှောက်ပင့်ပေးခဲ့ကြပြီးနောက် ၎င်းတို့ကို ထောက်ခံကြသူများထံမှ နည်းမျိုးစုံဖြင့် အလှူခံစားကာ တော်လှန်ရေးအမည်ခံ ကိုယ်ကျိုးရှာကြသည့်လူတစ်စုကြောင့် လူငယ်များသည် အသုံးချခံသက်သက် ဖြစ်ခဲ့ရသည်။ ဝါရင့်တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များကလည်း ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် နယ်မြေချဲ့ထွင်ရေး စစ်ပွဲများတွင် တော်လှန်ရေး သွေးဆူနေကြသည့် PDF လူငယ် အမြောက်အမြားကို ထပ်မံအသုံးချခဲ့ကြသည်။ ကိုယ်ကျိုးစီးပွားရှာရန် လက်နက်ကိုင်ရသည့် သင်ခန်းစာများကို အနီးကပ် ပို့ချပေးခဲ့ပြီး လူငယ်ထုကို လက်နက်ကိုင်မှု ၏အရသာကို မြည်းစမ်းစေခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးအသိပညာအားနည်းပြီး ဝါဒမှိုင်းကြောင့် လက်နက်ကိုင်ခဲ့ရသည့် လူငယ်များသည် လက်နက်သည် ကိုယ်ကျိုးစီးပွားရှာရာတွင် အသုံးချရသည်ဟု အသိမှားခဲ့ပြီးနောက် လက်နက်ဖြင့်ခြိမ်းခြောက်ခြင်း၊ လက်နက်ပြတောင်းရမ်းခြင်း၊ လက်နက်ဖြင့်အနိုင် ကျင့်ဗိုလ်ကျခြင်းဖြင့် လက်နက်ကိုင်ရမှုကို အရသာတွေ့ခဲ့ကြသည်။
    NUG အမည်ခံအကြမ်းဖက်အဖွဲ့ကလည်း ၎င်းင်းတို့ကို သစ္စာခံသူတို့ အားကိုးဖြင့် ကျန် PDF လက်နက်ကိုင်အဖွဲ့များကို စည်းရုံးသိမ်းသွင်းရာတွင် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျမှုများ ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့ကို သစ္စာမခံပါက တော်လှန်ရေး၏ အမှိုက်များဟု ပြောဆိုကာ လူငယ်လက် နက်ကိုင်အဖွဲ့များ အချင်းချင်းကြား အကြမ်းဖက်သတ်ဖြတ်မှု၊ လက် နက်ဖြင့် ဖြေရှင်းသည့် အာဏာလွန်ဆွဲမှုများ ဖန်တီးကာ ၎င်းတို့၏ လက်ပါးစေအဖွဲ့များ အားကောင်းလာစေရန် ဆောင်ရွက်ခဲ့ကြသည်။ မြေပြင်တွင် တော်လှန်ရေးအယောင်ပြ၍ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၏ အသုံးချခံ၊ ပြည်ပနိုင်ငံအသီးသီးတွင် ခိုလှုံကာ ပြည်ပြေးအစိုးရဟု ခံယူထားသူတို့၏ ဝါဒမှိုင်းတိုက်မှုဖြင့် အသုံးချခံဖြစ်နေရသည့် လူငယ်လက်နက်ကိုင် အဖွဲ့များကလည်း လက်နက်ကိုင် အကြမ်းဖက်မှုဖြင့် ကိုယ်ကျိုးစီးပွားရမှုကို ရိပ်စားမိလာချိန်တွင် တော်လှန်ရေးဟူသော ကန့်လန့်ကာနောက်ကွယ်က အကျိုးစီးပွားများကို မက်မောလာခဲ့ ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေချဲ့ထွင်ရေး စစ်ပွဲများတွင် တိုင်းပြည်၏ သယံဇာတများကို တရားမဝင် ထုတ်ယူသုံးစွဲ၍ ကိုယ်ကျိုးရှာမှုများကို လက်တွေ့သိမြင်လာခဲ့သည့် လူငယ်များ အနေဖြင့် ကိုယ်ကျိုးအတွက် အခြေပြုရာ ဒေသများမှ တရားမဝင် သယံဇာတထုတ်ယူမှုများမှ အကျိုး အမြတ်များကို ရယူချိန်တွင် NUG အမည်ခံအကြမ်းဖက်ခေါင်းဆောင်အဖွဲ့များနှင့် လက်ပါးစေ PDF များအကြား ဓားပြတိုက်ရာပါပစ္စည်း ဝေစုမတည့်မှု ဖြစ်စဉ်များ ပေါ ပေါက်လာခဲ့သည်။


    မကြာသေးမီ ရက်ပိုင်းအတွင်းက NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်က တိုင်းပြည်၏ သယံဇာတများကို PDF အဖွဲ့ခေါင်းဆောင် လူငယ်များနှင့် အဝေမတည့်ဖြစ်နေသည်ကို တိုင်းသိပြည်သိ ချပြခဲ့ကြသည်။
    အကြမ်းဖက်အဖွဲ့၏ထုတ်ပြန်ချက်ကိုလေ့လာရာတွင် MDY-PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ မုန်တိုင်းနှင့် နိုင်ကြီးအမည်ရ လူငယ်နှစ်ဦးကို ဖမ်းဆီးထားသည့် ဖြစ်စဉ်ကို ထုတ်ပြန်ထားသည်။ အဆိုပါ နှစ်ဦးအနက် မုန်တိုင်းဆိုသူမှာ ကာမပိုင်အမျိုးသမီးတစ်ဦးနှင့် လူမှုရေး ဖောက်ပြန်သဖြင့် စစ်ရေးကိစ္စများကြောင့် အချုပ်ပြစ်ဒဏ် ခြောက်လချမှတ်ခဲ့ကြောင်း၊ ယင်းပြစ်ဒဏ် ကျခံနေစဉ်အတွင်း အကြမ်းဖက်အဖွဲ့များအတွက် လိုအပ်သော ငွေကြေးရှာဖွေပေးရသည့်အဖွဲ့မှ နိုင်ကြီးဆို သူနှင့် ပူးပေါင်းကာ ရွှေ ၁၆ ပိဿာအား ထုတ်ယူခဲ့ကြောင်း၊ ၎င်းတို့ ထုတ်ယူခဲ့သော ရွှေ ၁၆ ပိဿာကို ပြန်လည်မအပ်နှံသည့်အတွက် ဖမ်းဆီးစစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့သည်။ TNLA လက်နက်ကိုင် သောင်းကျန်းသူများ၏ နယ်မြေချဲ့ ထွင်ရေးစစ်ပွဲများတွင် ပါဝင်ခဲ့သည့် MDY-PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် လူငယ်တစ်ဦးကို မူလက လူမှုရေးဖောက်ပြန်မှုနှင့် ဖမ်းဆီးခဲ့ပြီးနောက် နောက်ဆက်တွဲအဖြစ် ထုတ်ပြန်ခဲ့သည့် ရွှေ ၁၆ ပိဿာကျော် ထုတ်ယူသည့်သတင်းကို ပြည်ပသြဇာခံ သတင်းများက ဖော်ပြခဲ့ပြီးနောက် ပြည်သူအများစုက တော်လှန်ရေးဟုဆိုကာ အကျိုးစီးပွား ဝေစုမတည့်ကြသည့် ဖြစ်စဉ်များကို သိရှိလာခဲ့ပြီး ယင်းအဖွဲ့များ၏ လုပ်ရပ်များကို မှတ်ချက်ပြုရေးသားခဲ့မှုများကို ထပ်မံစိတ်ဝင်စားဖွယ်ရာ တွေ့ရှိရသည်။
    " NUG အဖွဲ့ကိုယ်တိုင်က မျှော်လင့်ချက်အမှားတွေပေးပြီး ပုံစံပေါင်းစုံ၊ပရောဂျက်မျိုးစုံကရတဲ့ ဒေါ်လာ သန်းချီတွေ၊ ပန်ဆယ်လို ဆိုတဲ့သူက ဦးဆောင်ပြီး အလှူခံခဲ့တဲ့ ငွေကြေးတွေအားလုံးကို စာရင်း စစ်မယ်ဆိုရင် ဘယ်သူချပြရဲသလဲ။ အားလုံးက အလိမ်အညာတွေချည်းပဲ။ အခုလည်း ပြည်သူကို ကာ ကွယ်မယ်ဆိုတဲ့ PDF တွေရဲ့ လက်နက်ကိုင်တဲ့ လေးနှစ်တာအတွင်းမှာရတဲ့ ရွှေ ၁၆ ပိဿာဟာ လက်နက် ကိုင်ပြီး ကိုယ်ကျိုးရှာကြတာပဲ။ ဒါက စာရင်းပြတဲ့ပမာဏပဲ ရှိသေးတာ နောက်ကွယ် မှာ ဒီလိုစာရင်းမရှိ၊ အင်းမရှိဘဲ ဒေသခံတွေဆီက ဓားပြတိုက်ထားတာတွေ ဘယ်လောက်များနေပြီလဲ မင်းတို့တွေကို ထောက်ခံမိတာကိုက ရှက်စရာပဲ"ဟု ပြည်ပသတင်းဌာနများ၏အောက်တွင် မှတ်ချက်ပြုရေးသားထား သည်ကို တွေ့ မြင်ရသည်။
    ထို့အပြင် "ပြောတော့ ပြည်သူကာကွယ်ရေးတဲ့ လက်ထဲကို သေနတ်ရောက်တာနဲ့ ခိုးမယ်၊ ဝှက်မယ်၊ ဓားပြတိုက်မယ် လုပ်တတ်ကြတာ။ ဒီလိုအဖွဲ့က တိုင်းပြည်ကို ဦးဆောင်ချင်သေးတယ်။ မင်းတို့ NUG နဲ့ PDF တွေအကြောင်း ပြည်သူတွေက သိတာကြာပြီ။ မင်းတို့ပဲ မသိကြသေးတာ။ မင်းတို့တော်လှန်ရေးဆိုတာ အဓွန့်ရှည်ချင်တာ တိုင်းပြည်အတွက်မှမဟုတ်တာ ကိုယ်ကျိုးစီးပွားအတွက်ပဲ။ တော်လှန်ရေး ကြာလေ မင်းတို့လုပ်စား လို့ကောင်းလေပဲ။ မင်းတို့ ကျဆုံးခန်းရောက်နေပါပြီ"ဟု မှတ်ချက်ပြုရေးသား ကြသည်။
    ဆက်လက်၍ ပြည်ပသတင်းဌာနတစ်ခု၏အောက်တွင်လည်း "မင်းတို့တော်လှန်ရေးဆိုတာ အစ ကတည်းက ကိုယ်ကျိုးစီးပွားအတွက် စခဲ့တာပဲလေ။ အကုန်လုံး ပြည်ပထွက်ပြေးကြပြီးမှ NUG အဖွဲ့ ထောင်တယ်။ ပြီးတော့ လူငယ်တွေကို လက်နက်ကိုင် အကြမ်းဖက်တွေဖြစ်အောင် မြှောက်ပေးတယ်။ မင်းတို့ကတော့ ပြည်ပမှ အလှူခံစားတယ်။ မင်းတို့ကြောင့် CDM ဖြစ်သွားတဲ့လူတွေ၊ ခြေလက်အင်္ဂါပြတ် တောက်ခဲ့ ရတဲ့လူငယ်တွေ၊ အသက်ပေးလိုက်ရတဲ့ လူငယ်တွေ အများကြီးပဲ။ မင်းတို့တောင် အလှူခံရင် ကိုယ်ရကိုယ်ယူ သေးတာပဲ။ လူငယ်တွေကလည်း ကိုယ်ရကိုယ်ယူဆိုပြီး  လက်နက်ပြငွေရှာတာ မဆန်းပါဘူး။ မင်းတို့စိုးမိုးပါတယ်ဆိုတဲ့ ဒေသကပြည်သူတွေကို ကုတ်သွေးစုပ်အမြတ် ထုတ်တာ ဒီဖြစ်စဉ်က ထင်ရှားတယ်။ ရွှေ ၁၆ ပိဿာလောက် လေးနှစ်အတွင်းရမယ်ဆိုရင် ငါတို့လည်း နဂိုကတည်းက PDF လုပ်တာပေါ့ကွာ။ ခုတော့ တရားမဝင် ရွှေတွေခိုးတူး၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီး၊ စစ် ကြောင့် ပြည်သူတွေဒုက္ခရောက်ရ မင်းတို့တော်လှန်ရေး ရပ်လိုက်ပါတော့"ဟု မှတ်ချက်ပြုရေးသားထားကြသည်။
    အထက်ပါ တိုင်းပြည်၏ သယံဇာတများ ခိုးယူနေကြပြီး ဝေစုမတည့်သည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ သတင်းများအရ လွန်ခဲ့သည့် နှစ်များက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ရုပ်သံဖိုင်ကို ပြန်လည် အမှတ်ရမိသည်။ မြစ်ချောင်းတစ်ခုကို အခြေပြု၍ ရွှေမျောများ ပြုလုပ်နေသည့်နေရာတွင် ဒေသခံရွာသားများနှင့် လက်နက်ကိုင်အကြမ်းဖက် PDF များအကြား စကားအခြေအတင်ပြောဆိုပြီး လက်နက်ပြ ခြိမ်းခြောက်သည့် ရုပ်သံဖိုင်ပင်ဖြစ်သည်။ ဆက်စပ်မှုအရ ထိုနှစ်များစွာကတည်းက PDF အဖွဲ့များသည် တိုင်းပြည်၏ သယံဇာတများကို တရားမဝင်ထုတ်ယူပြီး လက်နက်ဖြင့် စီးပွားရှာနေကြခြင်း ဖြစ်သည်။ ယင်းနောက် ၎င်းတို့ကို လက်ပါးစေသြဇာခံများအဖြစ် NUG အမည်ခံအကြမ်းဖက်အဖွဲ့က သွတ်သွင်းခဲ့ပြီးနောက် ထိုသို့သော သယံဇာတများကို လက်ဝါးကြီးအုပ်ရန် အကြံဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖြုတ်ထုတ် သတ်စနစ် ကျင့်သုံးလာခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့ကို အားပေးထောက်ခံသည့် လူငယ်များကို ရာထူးများပေးကာ လူငယ်အချင်းချင်းအနိုင် ကျင့်ဗိုလ်ကျ အုပ်ချုပ်ပြီး လူငယ်များကိုသွေးခွဲကာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော တရားမဝင် သယံဇာတထုတ်ယူမှုများသည် ယနေ့ အချိန် တွင် သဘာဝအရင်းအမြစ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးလာခဲ့ပြီး ဒေသခံများ၏ လူမှုဘဝများလည်း ဆုတ် ယုတ်လာခဲ့ရပြီဖြစ်သည်။
    ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတကြီးက နိုင်ငံ၏အဖိုးတန် ရေသယံဇာတများ ပျက်စီးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး၊ ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ထိရောက်ရောက် နှိမ်နင်းဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၉ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ တော်သမ္မတက "တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ  စိုးမိုးမှုအပြည့်အ၀ ဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်များ ရှိနေသည့် အချို့ဒေသများ၌ မြစ်ချောင်းများအနီး တရားမဝင် ရွှေတူးဖော်သည့် လုပ်ငန်းများကို အလွန်အကျွံ လုပ်ဆောင်လာမှုများကြောင့် မြစ်ချောင်းများတိမ်ကောခြင်း၊ နုန်းပို့ချမှုများပြားခြင်းနှင့် ရေစီးကြောင်းပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒေသအလိုက်မှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ၏အဖိုးတန် ရေသယံဇာတများ ပျက်စီးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး၊ ရေကြီးရေလျှံ ခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ထိရောက်ရောက် နှိမ်နင်း ဆောင်ရွက်သွားရန် လိုကြောင်း၊ ဒေသခံပြည်သူလူထု အနေဖြင့်လည်း မိမိတို့ဒေသအလိုက် တရားမဝင် ရွှေတူးဖော်ခြင်းများ လုပ်ဆောင်မှုမရှိစေရေး သက်ဆိုင်ရာသို့ သတင်းပေးပို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအကျိုးစီးပွားကို ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းနိုင်ရန်လိုကြောင်း" ပြောကြားခဲ့သည်။
    အတုအယောင် တော်လှန်ရေး ကန့်လန့်ကာ နောက်ကွယ်က သယံဇာတ ခိုးထုတ်မှုများနှင့် အဝေမတည့်မှု နောက်ကွယ်တွင် လူငယ်များ ဖမ်းဆီးလက်စ ဖျောက်သည့် ဖြစ်စဉ်များက လက်နက်ကိုင်အကြမ်းဖက် သမားများ၏ သရုပ်မှန်ကို အထင်အရှား သက်သေပြနေပြီ ဖြစ်သည်။ နိုင်ငံရေးအရ အမြတ်ထုတ်လိုသူတို့၏ ဝါဒမှိုင်းနောက်သို့ လိုက်ပါကာ လက်နက်ကိုင်လမ်းစဉ် ဖြင့် ကိုယ်ကျိုးရှာ၊ ဓားပြတိုက်၊ ဝေစုမတည့် ဖြစ်နေကြသည့် PDF လူငယ်များ၏ ဖြစ်စဉ်များသည် တော်လှန်ရေး၏ ကျဆုံးခန်းကို ဖော်ပြနေခြင်းပင် ဖြစ်သည်။ 
    တော်လှန်ရေးဆိုသည့် ခေါင်းစဉ်အောက်တွင် မြေစာပင်ဖြစ်ခဲ့ရသည်က အနာဂတ်ရှိသည့် လူငယ်များနှင့် သယံဇာတ ပြုန်းတီးမှုဒဏ်ကိုခံရမည့် ဒေသခံပြည်သူများသာ ဖြစ်သည်။ ကိုယ်ကျိုးစီးပွားနှင့် ရွှေဝေစုမတည့်မှုနောက်ကွယ်က ဓားစာခံဖြစ်ခဲ့ရသည့် ဤဖြစ်စဉ် များသည် သေနတ်ကိုင်ခြင်းဖြင့် တိုင်းပြည်ကို မည်သို့မျှ  မတည်ဆောက်နိုင်ကြောင်း သွေးထွက်သံယိုဖြင့် သက်သေပြနေပြီ ဖြစ်သည်။ အလိမ် အညာ ဝါဒမှိုင်းများ၊ ဝေစုခွဲတမ်းများအကြား လမ်းပျောက်နေကြသည့် လူငယ်ထုအနေဖြင့် မိမိကိုယ်မိမိ ပြန်လည်မေးခွန်းထုတ်ရမည့် အချိန်ရောက်ပြီဖြစ်သည်။ လူငယ်များ စတေးခံရခြင်းက တိုင်းပြည်အတွက်လား သို့မဟုတ် တစ်ပါးသူ လောဘဇာတ်ခုံအတွက် အရုပ်တစ်ခုအဖြစ် အသုံး ချခံနေရခြင်းလား ဆိုသည် ကို ကိုယ်တိုင်အဖြေရှာရတော့မည် ဖြစ်သည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 108

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.