Breaking

ဂန့်‌ဂေါမြို့ကို ဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး (၄ဒဿမ၂) အဆင့် မြေငလျင် လှုပ်ခတ်

၂၀၂၄ ဇန်နဝါရီလ ၁၂

ဂန့်‌ဂေါမြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄ဒဿမ ၂) အဆင့်ရှိ မြေငလျင်တစ်ခု  လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

မြေငလျင်လှုပ်ခတ်မှုအား ယနေ့ ဇန်နဝါရီလ (၁၂) ရက် မြန်မာစံတော်ချိန် (၈) နာရီ (၂၃) မိနစ် အချိန်ခန့်တွင် ဟားခါးမြေငလျင်စခန်းက တိုင်းထွာရရှိခဲ့ခြင်းဖြစ်ပြီး၊ စခန်း၏ အရှေ့ဘက် (၂၈) မိုင် ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မိူဇလ၏ အသိပေးချက်တွင် ဂန့်‌ဂေါမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၄)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၀၄)  ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

Total Views ~ 1225

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61485

© 2022 - 2026 News. All Rights Reserved.