လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးပိုဦးမယ်

၂၀၂၃ အောက်တိုဘာ ၂

နောက် ၂ရက်အတွက် ခန့်မှန်းချက်အရ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၆ခုမှာ မိုးဆက်လက်ပိုနေဦးမှာဖြစ်တယ်လို့ မိုး/ဇလရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ယနေ့ အောက်တိုဘာလ ၁ရက် မနက် ၇နာရီအချိန် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နောက် ၂ရက်အတွက် ခန့်မှန်းချက်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဆိုပါရက်တွေအတွင်း မိုးဆက်လက်ပိုနေမယ့် တိုင်းနဲ့ပြည်နယ်တို့မှာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့ဖြစ်တယ်လို့ ဆိုထားပါတယ်။

ယနေ့ညနေအထိ ခန့်မှန်းချက်အနေနဲ့ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရခိုင်၊ ကရင်နဲ့ မွန်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ နေရာကျဲကျဲနဲ့ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမယ်လို့ မိုး/ဇလက ခန့်မှန်းထားတာဖြစ်ပါတယ်။

Total Views ~ 1237

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60610

© 2022 - 2026 News. All Rights Reserved.