ရန်ကုန် - ပုဂံအမြန်ရထား ​ပြန်လည်ပြေးဆွဲမည်

ရန်ကုန် ၊ ဇန်နဝါရီ၂၀ 

မြန်မာ့မီးရထား၊ ရထားစီးခရီးသည်များ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် လာမည့် ဇန်နဝါရီ ၂၃ ရက်နေ့မှစ၍ အမှတ်၆၁အဆန် ရန်ကုန် - ပုဂံ အမြန်ရထားကို နေ့စဥ်ပြေးဆွဲပေးသွားမည် ဖြစ်ပြီး ဇန်န ဝါရီ ၂၄ ရက်နေ့မှစ၍ အစုန်/အ ဆန် ပြေးဆွဲပေးသွားမည် ဖြစ် ကြောင်း သိရသည်။

အမှတ်၆၁အဆန်အမြန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄နာရီ ၁၅ မိနစ် တွင်ထွက်ခွာပြီး ပုဂံဘူတာသို့ နောက်တနေ့ နေ့လည် ၁၂နာရီ တွင် ရောက်ရှိမည်ဖြစ်ပြီးအမှတ် ၆၂ အစုန်အမြန်ရထားသည် ပုဂံဘူတာမှ ညနေ ၄နာရီ ၁၅မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာသို့ နောက်တနေ့ နေ့လည် ၁၂နာရီ တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

လမ်းခရီးတွင် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ ရွှေတံခါး၊ အောင်လံ၊ဆတ် သွား၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ လေးအိမ်၊ သာမြှား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊ စုတည် စသည့် ၂၃ဘူတာကို ရပ်တန့်ပေးမည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အမှတ်၆၁အဆန် /၆၂အစုန် ရန်ကုန် - ပုဂံ - ရန်ကုန်အမြန် ရထားအား ရိုးရိုးတန်း ၅တွဲ၊ အထက်တန်းထိုင်ခုံ ၁တွဲ၊ အထက်တန်းအိပ်စင် ၁တွဲ၊ ဘရိတ်တွဲ ၁တွဲတို့ဖြင့် တွဲဆိုင်းဖွဲ့ဆင်ပြေးဆွဲပေးမည် ဖြစ်ပြီး ရထားလက်မှတ်ခများမှာ ရိုးရိုး တန်း ၇၂၀၀ကျပ်၊ အထက် တန်းထိုင်ခုံ ၁၄၄၀၀ကျပ်နှင့် အထက် တန်းအိပ်စင် ၁၉၈၀၀ကျပ် တို့ ဖြစ်ကြောင်း မြန်မာ့မီးရ ထား ၊အ မှတ် (၇)တိုင်း၊ ရန်ကုန်မှ အသိပေးကြေညာထားသည်။

ရန်ကုန်ဘူတာကြီးအနေဖြင့်အ ထက်တန်းလက်မှတ်များကို ၃ရက် ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို ၁ရက်ကြိုတင်၍ လည်း ကောင်း လက်မှတ်ရုံများတွင် ရောင်းချပေးသွားမည် ဖြစ် ကြောင်း သိရသည်။

Total Views ~ 1203

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60610

© 2022 - 2026 News. All Rights Reserved.