Breaking

ကုန်ဈေးနှုန်းကျဆင်းစေရေး ဝိုင်းဝန်းကြိုးပမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

နေပြည်တော်၊ ဇူလိုင် ၂
    သွင်းအားစုများ ဈေးနှုန်းကြီးမြင့်မှုများကြောင့်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်လာပြီး ကုန်ဈေးနှုန်းများကြီး မြင့်လာခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
    ဇွန် ၂၉ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။
    စီးပွားရေးနှင့်ပတ်သက်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာမည် ဆိုပါက ပြည်ပသွင်းကုန်များ လျှော့ချနိုင်ပြီး ပြည်ပပို့ကုန်များ ပိုမို ရရှိနိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
    ထို့အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် Agro-Based Industries ကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသ၏ အားသာချက်များကို အသုံးချ ဆောင်ရွက်သွားရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းသည် အဓိကကျသဖြင့် MSME လုပ်ငန်းများကို မြှင့်တင်၍ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သဖြင့် နိုင်ငံအတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍကို များစွာမြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ဆက်လက်၍ စိုက်ပျိုးရေးလုပ်ငန်းများတွင် စုပေါင်းဆောင်ရွက်သည့် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများ ပိုမိုလျင်မြန် အောင်မြင်စွာဖြင့် ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စပါး ရိတ်သိမ်းရေးအဖွဲ့များနှင့် ထွန်ယက်ရေးအဖွဲ့များကို မြို့နယ်များအလိုက် စုပေါင်းစနစ်ဖြင့် စုဖွဲ့ထားမည် ဆိုပါက လိုအပ်သလို အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်ခြင်းအားဖြင့် ရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သီး နှံပျက်စီးဆုံးရှုံးမှုများ နည်းပါးစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက် စုပေါင်းလုပ်ဆောင်တတ်သည့်အကျင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြည့်စွက်ပြောကြားခဲ့သည်။ ထူးမြတ်

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.