Breaking
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ၂၀၂၆ ခုနှစ်၊ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ
The Mask Revolution ပြိုင်ပွဲကြီး
ဇီဝဇိုးငှက်သိုက်ကို ပြည်ပဈေးကွက်အထိ ထိုးဖောက်သွားချင်ပါတယ် . . . မြန်မာနိုင်ငံ ဇီဝဇိုးငှက်သိုက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးဇော်မိုးနှင့် တွေ့ဆုံခြင်း
ဧရာဝတီမြစ်ဆိပ်ကမ်းအသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုဗဟိုချက်ဖြစ်ရန် ဆောင်ရွက်မည်
TP
News
မူလ
သတင်း
စီးပွားရေး
ဆောင်းပါး
အင်တာဗျူး
လူမှုဘဝ
ရာသီဥတု
ဆက်သွယ်ရန်
ဗီဒီယို
ဂျာနယ်များ
mm
မူလ
ကဏ္ဍများ
သတင်း
ကျန်းမာရေးဝန်ကြီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်ဒေသများရှိ ဆေးရုံများ နှောင့်နှေးမှုမရှိစေရေး စီစဥ်ထားရန် အသိပေး
၂၀၂၃ မေ ၈
ကျန်းမာရေးဝန်ကြီးဌာနမှ သဘာဝဘေးန္တရာယ်ကျရောက်သည့် မည်သည့်ဒေသအတွင်းရှိ ဆေးရုံများ အရေးပေါ်ကျရောက်လာပါက အဆင်သင့်စီစဉ်ထားရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မေလ (၇) ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများအတွက် လိုအပ်နိုင်သည့် ဆေးနှင့် ပစ္စည်းကိရိယာများ၊ အရေးပေါ်သုံးဆေးသေတ္တာများ၊ မိသားစုသုံးပစ္စည်းများ၊ မီးဖွားရန်အတွက် ပစ္စည်းများနှင့် အမျိုးသမီးသုံးပစ္စည်းများအား ကျေးလက်ဒေသကျန်းမာရေးဌာနခွဲများသို့ ကြိုတင်ဖြန့်ဝေပေးထားရန် ဒေါက်တာသက်ခိုင်ဝင်းမှဆိုသည်။
ဆေးရုံများ၌လည်း အရေးပေါ်ခွဲစိတ်ကုသမှု၊ မွေးဖွားမှု အပါအဝင် ကုသမှုလုပ်ငန်းများ နှောင့်နှေးပျက်ကွက် မှုမရှိစေရန် အစီအစဥ်များ ချမှတ်ကာ ဆောင်ရွက်ထားရန်လိုကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
အလားတူ အဆိုပါကာလအတွင်း အရေးပေါ်လူနာလွှဲပြောင်းရန် လမ်းကြောင်းများကိုလည်း နှီးနွယ်ဌာနဆိုင်ရာများ နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ထားရန် ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောဆိုခဲ့သည်။
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ အနေဖြင့် တပ်မတော်ဆေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကွပ်ကဲမှုစင်တာနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကွပ်ကဲမှုစင်တာများကို ဖွင့်လှစ်ထားပြီး ဖြစ်ရာ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အသိပေး ပြောဆိုခဲ့သည်။
Total Views ~ 923
ဆက်စပ်အကြောင်းအရာများ
နောက်ဆုံးရ သတင်းများ
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ၂၀၂၆ ခုနှစ်၊ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ
The Mask Revolution ပြိုင်ပွဲကြီး
ကြော်ငြာများ
Popular
ပုဂံခေတ် မင်းများနှင့်နန်းတော်များ
တော်လှန်ရေးအမည်ခံတွေကို သွေးပျက် လာစေသည့် ပြည်သူ့စစ်မှုထမ်းများ
သင်္ကြန်မိုးလို ရုပ်ရှင်ကားကြီး တူအောင်ရိုက်လို့ မရဘူး - အကယ်ဒမီ နေအောင်အား သင်္ကြန်မိုးနှင့်ပတ်သက်၍ အမှတ်တရအချို့ မေးမြန်မှု
ဆက်စပ်အကြောင်းအရာများ
TP
News
ကဏ္ဍများ
သတင်း
စီးပွားရေး
ဆောင်းပါး
အင်တာဗျူး
လူမှုဘဝ
ရာသီဥတု
စုစုပေါင်းကြည့်ရှုသူများ
63859
Quick Links
Privacy & policy
Terms & conditions
Contact
© 2022 - 2026 News. All Rights Reserved.