ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှကိုယ် စားလှယ်များအား ရုရှားနိုင်ငံ EMERCOM ဝန်ကြီးဌာန ဂုဏ်ပြုအမှတ်တံဆိပ်နှင့်ဂုဏ်ပြုလက်မှတ်များပေးအပ်

နေပြည်တော်၊နိုဝင်ဘာ ၂၄

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား ရုရှားနိုင်ငံ၊ လူထုကာကွယ်ရေး၊ အရေးအပေါ်အခြေအနေများနှင့်သဘာဝဘေးအန္တရာယ်ရေးဝန်ကြီးဌာန (EMERCOM) မှ ချီးမြှင့်သည့် ဂုဏ်ပြုအမှတ်တံဆိပ်နှင့် လက်မှတ်များပေး အပ်ပွဲအခမ်းအနားကို ယနေ့ (နိုဝင်ဘာ ၂၄)မွန်းလွဲပိုင်းက  နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအ မတ်ကြီး H.E.Mr. Iskander Azizov ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ကာ ကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ် ရေးဝန်ကြီးဌာနမှဂုဏ်ပြုအမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Total Views ~ 22

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58449

© 2022 - 2025 News. All Rights Reserved.