စာသင်ကျောင်းပေါင်း ၃၀ ကျော် ပြုပြင်ရန် ဘတ်ဂျက်ကျပြီးသော်လည်း လုပ်ငန်းမပြီးစီးကြောင်း ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ပြော

နေပြည်တော်၊ မေ ၇
    ကျေးသီးဒေသတွင် ၂၀၂၄-၂၅ စာသင်ကျောင်း ၃၀ ကျော် ပြင်ဆင်ဖို့ရာအတွက် ဘတ်ဂျက်ကျထားပြီးသော်လည်း လုပ်ငန်းပြီးစီးမှု မရှိခြင်းကြောင့် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျားဖြူပါတီ ကျေးသီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းတင်ဦးက ပြော သည်။ 
    လူထုက တင်ပြတောင်းဆိုတာက အဓိက ပညာရေးနဲ့ပတ်သက်တာ ၂၀၂၄-၂၅ ဘတ်ဂျက်နဲ့ချထားတဲ့ ပြုပြင်ထိန်းသိမ်းရေး စရိတ်တွေ၊ ကျောင်းတွေ ဆေးသုတ်တာရော၊ ခြံစည်းရိုးခတ်တာတွေရော အထွေထွေပြု ပြင်ထိန်းသိမ်းဖို့ ကျောင်းပေါင်း ၃၀ ကျော် ကျတယ်။ တစ်ကျောင်းမှ မပြီးစီးသေးဘဲနဲ့ အပေါ်က ပြီးပြီလို့ လုပ်တယ်။ အဲဒါတွေ ကွင်းဆင်းပြီး စစ်ဆေးရမယ်။ ကျောင်းတက်အမီ လုပ်ပေးဖို့ပေါ့။ ကျောင်းဖွင့်ရာသီအမီ စာသင်ကျောင်းတွေ အဆင်သင့်ဖြစ်ဖို့ဆို တာက မတ်လကတည်းက လုပ်ငန်းပြီးစီးရမှာ မနှစ်က မတ်လကနေ ဒီနှစ်မတ်လအထိ တစ်နှစ် အချိန်ရထားပြီးပြီ။ ဒါပေမဲ့ သူတို့က အကြောင်းအမျိုးမျိုးကြောင့် လေလံဆွဲထားတဲ့ ကုမ္ပဏီတွေက မရောက်တာက တစ်မျိုး၊ အခြေအနေ အခက်အခဲ အမျိုးမျိုးကြောင့် ပြီးအောင် မလုပ်ပေးနိုင်တာလည်း ရှိတယ်။ အခု ကျွန်မကတော့ ပြောထားတယ်။ ကျောင်းဖွင့်အမီလုပ်ပေးဖို့ တိုက်တွန်းထား တယ်။ ပြုပြင်ထိန်းသိမ်းရေးစရိတ်က ဆေးသုတ်တာ၊ ခေါင်မိုးပြင်တာ၊ ခြံစည်းရိုးခတ်တာတွေ အပြီးလုပ်ပေးဖို့ တိုက်တွန်းထား တယ်ဟု ၎င်းင်းကပြောသည်။ 
    ထို့အပြင် ကျေးသီးဒေသတွင် ကျောင်းဆရာဆရာမ မရှိသည့် စာသင်ကျောင်း ၁၀ ကျောင်းရှိကြောင်း နန်းတင်ဦး က ပြောသည်။ 
    "ကျောင်း ၁၀ ကျောင်း ဆရာ ဆရာမ မရှိဘူး။ အဲဒါတွေ အားလုံးပြည့်စုံအောင် လွှတ်တော်ပြန်ခေါ်တဲ့ အချိန်မှာ တင်ပြမယ်။ ကျေးသီးမှာ အထက်တန်း၊ အ လယ်တန်း၊ မူလတန်း ကျောင်းတွေရှိတယ်။ မိုင်းနောင်၊ ဝမ်စိမ်းတို့မှာလည်း ကျောင်းတွေ ရှိတယ်။ အဲဒါတွေက ကျေးသီးဒေသထဲမှာပဲ ပါတယ်"ဟု ၎င်းင်းကပြောသည်။ 
    ကျေးသီးဒေသသည် ရှမ်းပြည် နယ်(တောင်ပိုင်း)တွင်ရှိပြီး ရှမ်းမြောက်ဒေသနှင့် နှိုင်းယှဉ်လျှင် တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သော်လည်း လမ်းပန်းဆက်သွယ် ရေးခက်ခဲ၍ ပညာရေးနောက်ကျနေသည့် ဒေသဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61982

© 2022 - 2026 News. All Rights Reserved.