တက္ကသိုလ်ဝင်တန်းအောင် ရမှတ် ၃၉၀ ကျော်သူများ ကုန်သွယ်ရေကြောင်းကောလိပ် လျှောက်ထားနိုင်

နေပြည်တော်၊ ဇူလိုင် ၉
    တက္ကသိုလ်ဝင်တန်းအောင်ရမှတ် ၃၉၀ ကျော်သူများ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၇-၂၈ ပညာသင်နှစ်အတွက် အရာရှိလောင်း ဒီပလိုမာသင်တန်းများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
    ဖွင့်လှစ်မည့်အရာရှိလောင်း ဒီပလိုမာသင်တန်းများမှာ ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်း၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်းသင်တန်း၊ ကုန်သွယ်ရေကြောင်း လျှပ်စစ်နည်း ပညာအရာရှိလောင်းသင်တန်းတို့ဖြစ်သည်။သင်တန်းကာလ နှစ်နှစ်ဖြစ်ပြီး ပေးအပ်မည့် ဒီပလိုမာဘွဲ့များမှာ ရေကြောင်းပညာဒီပလိုမာ (Diploma in Nautical Studies)၊ ရေကြောင်းနည်းပညာဒီပလိုမာ (Diploma in Maritime Technology)၊ ရေကြောင်းလျှပ်စစ် နည်းပညာဒီပလိုမာ (Diploma in Maritime Electrical Technology) တို့ဖြစ်ကြောင်း သိရသည်။ 
    ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်းနှင့် ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာအရာရှိ လောင်းသင်တန်းများအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး ၄၀၀ ရှိရမည်ဖြစ်ပြီး ကုန်သွယ်ရေကြောင်း လျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ ပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး ၃၉၀ ရှိရမည်ဟု သိရသည်။
    အဆိုပါသင်တန်းများအတွက် ရန်ကုန်မှ ကျောင်းသားများသည် ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၊ ဘုရင့်နောင်လမ်းမ၊ ဆင်မလိုက်၊ ကမာရွတ်မြို့ နယ်တွင် လူကိုယ်တိုင်လျှောက်လွှာထုတ်ယူပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။ နယ်မှ လျှောက် ထားလိုသူများအနေဖြင့် ဖော်ပြပါ လျှောက်လွှာပုံစံအား Print ထုတ်ယူပြီး အချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်း၍ လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ ၃၁-၇-၂၀၂၆ ရက်ထက် နောက်မကျစေဘဲ စာတိုက် (သို့) အမြန်ချောဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်လမ်း ဆင်မလိုက် တက္ကသိုလ်စာတိုက် ကမာရွတ်မြို့နယ် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် မော်ကွန်းထိန်းထံသို့ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63563

© 2022 - 2026 News. All Rights Reserved.