Breaking

တပ်မတော်သားဆရာဝန်များဖြစ်သည့်အတွက် စစ်သည်တော်ကောင်းစိတ်ဓာတ်နှင့် ဆရာဝန်ကောင်းစိတ်ဓာတ်တို့ နှစ်မျိုးစလုံး ပြည့်စုံနေရန်လိုကြောင်း နိုင်ငံတော်အကြီးအကဲပြောကြား

ရန်ကုန် ဒီဇင်ဘာ ၁၁

   တပ်မတော်သားဆရာဝန်များဖြစ်သည့်အတွက် စစ်သည်တော်ကောင်းစိတ်ဓာတ်နှင့် ဆရာဝန်ကောင်းစိတ်ဓာတ်တို့ နှစ်မျိုးစလုံး ပြည့်စုံနေရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောကြားသည်။

  ဒီဇင်ဘာလ ၁၀ ရက်က တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားရာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က " တပ်မတော်သားဆေးမှူးအရာရှိများကို စဉ်ဆက်မပြတ် လေ့ကျင့်မွေး ထုတ်ပေးခဲ့သည်မှာ ယခုအခါ သင်တန်းအမှတ်စဉ်(၂၆) အထိ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် ဆေးမှူးအရာရှိများအနေဖြင့် မိမိတို့ တာဝန်ကျရာ တပ်အသီးသီးတွင်ရှိသည့် တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသာမက ဒေသခံပြည်သူများ၏ ကျန်း မာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ ထိထိရောက်ရောက် လုပ်ဆောင်ပေးလျက် ရှိနေကြောင်း။
  မိမိတို့တပ်မတော်ကိုတိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည်ဆောက်လျက်ရှိရာတွင် တပ်မတော်သားတိုင်း တိုက်စွမ်းရည်မြင့်မားရေးအတွက် စိတ်ရောကိုယ်ပါကြံ့ခိုင်ရန် အလွန်အရေးကြီးကြောင်း၊ “ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန်” (Make Fit to Fight) ဟူသည့် ဆောင်ပုဒ်နှင့်အညီ တပ်မတော်သားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိမှသာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အချိန်မရွေး၊ နေရာဒေသမရွေး၊ ရာသီဥတုမရွေး တာဝန်ထမ်းဆောင်နိုင်ကြမည်ဖြစ်သဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့တတ်ကျွမ်းသည့်ဆေးပညာဖြင့် တပ်မတော်သားများအပေါ် ဆေး အကာအကွယ်ပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသပေးမှုများကို အထူးအလေးထား ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့သင်ယူတတ် မြောက်ခဲ့သည့် ဆေးပညာရပ်များကိုကျွမ်းကျင်ထက်မြက်နေအောင် အစဉ်လေ့လာဆည်းပူးနေပြီး တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွားကြရန် မှာကြားလိုကြောင်း။"ပြောကြားသည်။

  ထို့အပြင်"စစ်မြေပြင်လက်တွေ့ ဆေးအကာအကွယ်ပေးရေးလုပ်ငန်းများ သာမက ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း။၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့များသည် နယ်လှည့်ဆေးကုသမှု လုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက် ပေးခဲ့ရာလမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသနှင့် နယ်စပ်ကျေးလက်ဒေသ များပါ မကျန် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စောင့်ရှောက်ကုသပေးခဲ့ကြကြောင်း၊ ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အားကိုးအားထားပြုပြီး သွားလာနေကြရသည့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုး တန်းဒေသတို့တွင်ရှိသည့် ပြည်သူလူထု၏ကျန်းမာရေးကိုလည်း မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)တို့ဖြင့် သွားရောက်စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း။ တပ်မတော်သားဆရာဝန်များဖြစ်သည့်အတွက်စစ်သည်တော်ကောင်းစိတ်ဓာတ်နှင့် ဆရာဝန်ကောင်းစိတ်ဓာတ်တို့ နှစ်မျိုးစလုံး ပြည့်စုံနေရန်လိုကြောင်း၊ စစ်သည်တော် ကောင်းစိတ်ဓာတ် ပြည့်ဝစေရေး စစ်သည်တော်ကျင့်ဝတ်အပါး(၆၀)ကို တိကျစွာလိုက်နာ တတ်စေရန် လေ့ကျင့်ပေးခဲ့သကဲ့သို့ ဆရာဝန်ကောင်းစိတ်ဓာတ်ရှိစေရေး ဆေးပညာရပ် များအပြင် ဆေးပညာကျင့်ဝတ်နှင့်ညီသည့် သမားကောင်းစိတ်ဓာတ်၊ ခံယူချက်များ ကောင်းမွန်ရေးကိုလည်း လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း။တပ်မတော်က မွေးထုတ် ပေးလိုက်သည့် တပ်မတော်သား ဆေးပညာရှင်သမား ကောင်းများ ပီသစွာ လူမျိုး၊ ဘာသာ အဆင့်အတန်းမရွေး ကျန်းမာရေးစောင့်ရှောက် မှုပေး ပြီး ဆေးပညာကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းသွားရမည်ပင် ဖြစ်ကြောင်း။"ထည့်သွင်းပြောကြားခဲ့သည်။ HM

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58830

© 2022 - 2025 News. All Rights Reserved.