တိုကျိုရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဧပြီလမှစ၍ အွန်လိုင်း မှ Booking ယူရမည်

၂၀၂၄ ၊ မတ် ၅
    ၂၀၂၄ခုနှစ် ဧပြီလ ၁ ရက်မှစ၍ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ကိစ္စများ လာရောက်ဆောင်ရွက်ရာတွင် Online Appointment  ကြိုတင်ရယူသည့်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၄ ရက်တွင် မြန်မာသံရုံး တိုကျိုမြို့မှ ထုတ်ပြန်အသိပေးထားသည်။
    သံရုံးသို့ လာရောက်သူအရေအတွက်မှာ ကောင်စစ်အဆောက်အအုံ၌ လက်ခံနိုင်သည့် လူဦးရေထက်များစွာကျော်လွန် ခဲ့သည့်အတွက် လာရောက်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် အချိန်ပေးစောင့် ဆိုင်းရမှုများရှိလာသည့်အတွက် မြန်မာနိုင်ငံသားများအား ပိုမိုထိရောက်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ဧပြီ ၁ ရက်မှ စတင်၍ သံရုံးသို့ ကောင်စစ်ကိစ္စရပ်များ (ဗီဇာ လျှောက်ထားမှုမပါ) ဆောင်ရွက်ရန်အတွက် လာရောက်ရာတွင် Online Appointment ကြိုတင်ရယူသည့်စနစ်သို့ ပြောင်းလဲသွား မည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ 


    မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေစည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် သံရုံးသို့ လစဉ်လာရောက်သူ နိုင်ငံသားဦးရေ ထောင်နှင့်ချီရှိပြီး စာတိုက်မှတစ်ဆင့် ပေးပို့သက်တမ်းတိုး လျှောက်ထားမှုများသည်လည်း နေ့စဉ်အဆက်မပြတ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။  Online Appointment  ပြုလုပ်ခြင်းကို သံရုံးမှ ထုတ်ပြန်ထားသည့်လင့် (သို့မဟုတ်) QR Code တွင် ပြုလုပ်ရမည်ဖြစ် ကြောင်း သိရသည်။

 

Total Views ~ 1269

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.