ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း မြန်မာလုပ်သားများ ယာယီစာရွက်ဖြင့် အလုပ်ပြောင်းခြင်းများ ဆောင်ရွက်နိုင်ပြီ

ရန်ကုန်၊ ဇူလိုင် ၁၆
    ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာ လုပ်သားများအနေဖြင့် Work Permit ကတ် မရသေးသော်လည်း ယာယီစာရွက်နှင့် အလုပ်ပြောင်းခြင်းများ ဆောင်ရွက်သွားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
    "ထိုင်းနိုင်ငံမှာ Work Permit ကတ်အစစ် မထုတ်ရသေးပေမယ့်လည်း ယာယီအလုပ်လုပ်ခွင့်စာရွက် (Form WP.62)  ရရှိထားရင် တရားဝင် အလုပ်လုပ်ခွင့်ရှိပြီး အလုပ်ရှင်ပြောင်းလဲတာကိုပါ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်"ဟု ထိုင်းနိုင်ငံအလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသူအဖွဲ့ အစည်းတစ်ခုမှ သိရသည်။
    ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်၍ တရားဝင် အသက်ဝင်နေပြီဖြစ်ပြီး Work Permit ကတ် ထုတ်ပေးရာတွင် ကြန့်ကြာနေသည့် အလုပ်သမားများအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ယခုကဲ့သို့ စီစဉ်လုပ်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
    ယခုကဲ့သို့ လုပ်ငန်းများ ဆောင်ရွက်လိုပါက အလုပ်သမား၏ ကိုယ်ရေးအချက်အလက်၊ Passport/ Visa အလုပ်ရှင်နှင့် အလုပ်အကိုင်အချက်အလက်များ စသည်တို့ ပါရှိရမည်ဖြစ်ကြောင်း သိရသည်။
    ယခုအခါ ထိုင်းနိုင်ငံတွင် ကျန်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားဦးရေ  နှစ်သိန်းခန့်အတွက် Work Permit သက်တမ်းတိုးပေးရန်ရှိပြီး လတ်တလောတွင် စာရွက်စာတမ်းဆိုင်ရာ ပြဿနာများကို ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။
    Work Permit စနစ်မြှင့်တင်ခြင်းနှင့် CI စင်တာများ အရှိန်မြှင့်ခြင်းတို့ကို တစ်ပါတည်း တွဲဖက်ဆောင်ရွက်ပေးသွားမည့် အခြေအနေတွင်ရှိပြီး အသေးစိတ်အချက်အလက် အတိအကျကို အလုပ်သမား ဝန်ကြီး၏ တရားဝင် ကြေညာချက် ထွက်ပေါ်လာ မည့်အချိန်ကို စောင့်ဆိုင်းရန် လိုအပ်သွား မည်ဖြစ်ကြောင်း သိရသည်။ PHYU

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63726

© 2022 - 2026 News. All Rights Reserved.