ဒေါ်ချိုချိုကျော်ငြိမ်း ဦးဆောင်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင် ပြန်တင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ယခင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)အတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း ဦးဆောင်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပါတီမှတ်ပုံတင် ပြန်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပဲခူးတိုင်းဒေသကြီးတွင် တိုင်းအဆင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးရန်နိုင်၀င်းက ပြောသည်။
"ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီအမည်နဲ့ ပါတီမှတ်ပုံတင်လိုက်ပါပြီ။ မနေက (ဖေဖော်ဝါရီ ၇) သတင်းမှာပါလာပါပြီ။ အမှတ်စဉ် နှစ်ပါတီပေါ့။ ပထမက ပြည်ခိုင်ဖြိုးပါတီပါ" ဟု ၎င်းက ပြော သည်။
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတွင် ဥက္ကဋ္ဌ အဖြစ်ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးရန်နိုင်၀င်းတို့က တာဝန်ယူထားသည်။

Total Views ~ 870

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65355

© 2022 - 2026 News. All Rights Reserved.