နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က လာရောက်ဂါရဝပြုတွေ့ဆုံ

၂၀၂၆ ၊ ဇွန် ၁

အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval က မေ ၃၁ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တိုသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူး ပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်မှုများဆက်လက်မြှင့်တင်ရေးတိုကို ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62637

© 2022 - 2026 News. All Rights Reserved.