နေပြည်တော် အိမ်ခြံမြေဈေးကွက် လိုက်မမီအောင် ဈေးတက်နေ

နေပြည်တော် ဖေဖော်ဝါရီ ၂၃
လတ်တလော အခြေအနေအရ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်အလိုက် မြေဈေးနှုန်းများ လိုက်မမီ နိုင်အောင် ဈေးတက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။
နောင်ကာလများတွင် မြို့ပေါ်ရပ် ကွက်များတွင် မြေကွက်ဝယ်ယူရန် မဖြစ်နိုင်တော့ဘဲ ရွာမြေများသာ ဝယ်ယူရန်ဖြစ်နိုင်ခြေရှိတော့ကြောင်း နေပြည်တော်အခြေစိုက် ရွှေလာဘ်ကောင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးဇေယျာထက်ဝင်းက ပြောသည်။
]]အရောင်းအဝယ်က အခုလောလောဆယ် ပုဗ္ဗသီရိဘက်မှာ ဖြစ်တယ်။ ဒက္ခိဏ ပေ ၆၀ ပတ်လည်လေးတွေ ဖြစ်တယ်။ ပေ ၈၀ ပတ်လည် အိမ်အပါလေးတွေ ဖြစ်တယ်။ အကွက်ကြီးတွေ အရောင်းအဝယ်ဖြစ်တာ။ ဒက္ခိဏဘက်မှာ နည်းတယ်။ အကွက်ကြီးတွေဖြစ်တာ ရွှေကြာပင် အနီးတစ်ဝိုက်၊ သပြေကုန်းအနီးတစ်ဝိုက် ဈေးတွေ တအားတက်တယ်။ အရောင်းအဝယ်သွက်တာက ပုဗ္ဗသီရိ။ ဈေးတက်တာကတော့ တအားများသွားပြီ။ ပုဗ္ဗသီရိမှာ ပေ ၄၀_၆၀ကို သိန်းတစ်ထောင် အောက် မရတော့ဘူး။ တစ်ထောင်အထက် ဖြစ်သွားပြီ။ ၆၀_၈၀ ဆိုရင် သိန်းသုံးထောင်နား ကပ်သွားပြီ။ ရွှေကြာပင်ဆိုရင် သိန်းသုံးထောင် မြေကွက်ရှားတယ်။ သိန်းလေးထောင်လောက်မှ မြေကွက် ရနိုင်တယ်။ ပေ ၁၀၀ ပတ်လည် သပြေကုန်းဘက်ဆိုရင် သိန်းနှစ်သောင်းဝန်းကျင် ဖြစ်ကုန်ပြီ။ အဲဒါက ကြား ကွက်တွေ။ လမ်းမတန်းဆိုရင် သိန်းကြီးပိုင်းတွေ ဖြစ်ကုန်ပြီ။ ထန်းတပင် VIP ဘက်၊ ဟိုတယ်ဇုန် အရှေ့အရပ်ဆိုင် သိန်းတစ်သောင်းခွဲ အနည်းဆုံးဖြစ်သွားပြီ။ Juction ဘက်ကို သွားတဲ့လမ်း VIP Unplugged ရှိတဲ့နေရာလေ။ အဲဒီနားက ရပ်ကွက်တွေမှာ ဈေးတွေ အဲဒီလိုဖြစ်ကုန်ပြီ။ ဒက္ခိဏလည်း ဖြစ်တယ်။ ပေ ၆၀ ပတ်လည်လေးတွေ အရောင်းအဝယ် ဖြစ်တယ်။ ၈၀ ပတ်လည် အိမ်ပါတာလေး တွေက ဈေးတက်သွားတယ်။ အသက်သာဆုံးကတော့ ဒက္ခိဏပဲ။ ပျဉ်းမနားဘက်လည်း ဖြစ်တယ်။ ဒါပေမဲ့ ဈေးကတော့ မသက်သာဘူး။ ဟိုးအရင်တုန်းက လူတွေ မရွေးချယ်ခဲ့တဲ့ လမ်းတွေ၊ အတွင်းပိုင်းတွေတောင် အခုက ဈေးတွေတက်နေပြီ။ အခုကတော့အတွင်း လမ်းတွေလည်း ရောင်းထွက်တယ်။ ရွှေကြာပင်၊ သပြေကုန်းကတော့ နေပြည်တော်ရဲ့ DownTown ဆိုတော့ စီမံကိန်းတွေလည်း လုပ်လာတယ်။ ပြည်သူ့ရင်ပြင်တွေလည်း လုပ်လာတော့ ပိုပြီး စိတ်ဝင်စားကြတယ်။ အဆင့်မြင့်အိမ်ရာ စီမံကန်းသုံးခု ရှိတယ်။ အမှတ်(၁)ရဲ စခန်းနားမှာ တစ်ခု၊ အဆင့်မြင့် ဈေးနားမှာတစ်ခု၊ နောက်တစ်ခုက ဘုန်းကြီးကျောင်းနားမှာ တစ်ခုလုပ် မယ်။ အဲဒီတော့ ရွှေကြာပင်၊ သပြေကုန်းက ဈေးကတော့ တက်နေမှာ။ တစ်လကို ရွှေကြာပင်၊ သပြေကုန်းက သိန်းတစ်ရာနှုန်း မှန်းလို့ရတယ်။ တက်နေတာ။ တစ်နှစ်ပြည့်ပြီဆိုတာနဲ့ ၁၂၀၀ မက တက်နေတာ။ အဲဒါလမ်းသွယ်။ မိန်းလမ်းမဟုတ်ဘူး။ မိန်းလမ်းဆို ပိုတက်နေမှာ။ မြေကတော့ နောက်ဆို ဝယ်လို့ မရတော့ဘူး။ တချို့နားမလည်တော့ ရှာနေတာနဲ့ တိုင်ပတ်နေတာ။ နေရာကောင်းတဲ့အကွက် ရွှေကြာပင်မှာ မရှိတော့ဘူး။ ရှားသွားပြီ။ နောက်ဆို ရွာမြေတွေပဲဝယ်ဖို့ ဖြစ်နိုင်တော့မယ် ဟု ၎င်းကပြောသည်။
မြေဈေးနှုန်းများ မြင့်တက်ရခြင်း၏ အကြောင်းအရင်းမှာ ယခင်ကျားဖျန့်လုပ်ငန်းများမှ မြေတွင် ရင်းနှီးမြှုပ်နှံထားခြင်း၊ မြေလိုအပ်ချက်အပေါ် မူတည်၍ ဈေးကစား ခြင်းများကြောင့် အဆမတန် မြင့်တက်လာ ခြင်းဖြစ်ကြောင်း နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဈေးတက်ရတဲ့ အကြောင်းအရင်း တွေလည်းရှိတယ်။ ငွေကြေးဖောင်းပွမှု၊ ငွေကြေးခဝါချတာ တွေလည်း အစိုးရက ထိန်းကျောင်းနေတာပဲ။ အရင်တုန်းကဆိုရင် ကျားဖျန့်တွေ ဝယ်ကြတာကြောင့် ဈေးတက်တယ်။ မြေဈေးကစားလို့လည်းတက်တယ်။ နောက်တစ်ခုက မြေလိုအပ်ချက်များလို့။ လိုအပ်ချက်တွေ များနေသရွေ့ကတော့ ကစားတဲ့သူက ကစားနေဦးမှာပဲ။ ဒီအပေါ်မှာ စီးပွားရေးအရ လုပ်တဲ့သူတွေကလည်း လုပ်နေဦးမှာပဲ။ အရေးကြီးတာက မူဝါဒပဲ။ တိကျတဲ့မူဝါဒမရှိရင် ဖောင်းပွနေမှာပဲ။ အစိုးရက ထိန်းကျောင်းတယ်ဆိုတာ ငွေကြေးခဝါချမှုတွေ မဖြစ်အောင် ထိန်းကျောင်းတာ။ အိမ်ခြံမြေမှာ အခုဆိုရင် အကျိုးဆောင် တွေအများကြီးပေါများလာတယ်။ ကောင်းတာထက် မကောင်း တာက ပိုများတယ်။ အရင်တုန်းက အိမ်ခြံမြေ ရုံးခန်းဖွင့်ပြီးလုပ်တဲ့ အကျိုးဆောင်လုပ်ငန်းက လက်ချိုးရေလို့ ရတယ်။ အခုနောက်ပိုင်းကျတော့ ရုံးနဲ့လုပ်တာ ရာဂဏန်းရှိသလို ရုံးနဲ့မဟုတ်တာက ထောင် ဂဏန်းရှိတယ်။ အဲဒီအပေါ်မှာဈေးကွက်ကို နားမလည်ဘူး။ အကျိုးဆောင်တိုင်းက ကျွမ်းကျင်မနေဘူး။ မြေကွက်တစ်ကွက်ကို တန်တယ်၊ မတန်ဘူးဆိုတာ မဆုံးဖြတ်တတ်ဘူး။ အဲဒီတော့ ထိုးရောင်းတယ်။ ဘယ် လောက်နဲ့ ဖြစ်သင့်တယ်ဆိုတာ သူတို့ မသိဘူး။ ရောင်းတဲ့သူက ဈေးအများကြီးခေါ်ထားတယ်။ ခေါ်ထားတာကိုပဲ အကျိုးဆောင်က ရောင်းပေးလိုက်တယ်။ တခြားလူတွေက အဲဒီဈေးနဲ့ လိုက်ရောင်း တော့မှာလေ။ ပေါက်ဈေးအတိုင်း မရောင်းတော့ဘူး။ နောက်ဆုံးရောင်းလိုက်တဲ့ ဈေးကပေါက်ဈေးဖြစ် သွားတာ။ တန်တာမတန်တာ မသိတော့ဘူး။ အဲဒီကိစ္စတွေကိုလည်း ထိန်းကျောင်းဖို့လိုအပ်တယ်။ အိမ်ခြံ မြေလိုင်စင်လျှောက်ချင်ရင် သင်တန်းတက်ထားတဲ့ လက်မှတ်ပါရမယ်။ အဲဒါမှပဲ လိုင်စင်ထုတ်ပေးမယ် ဆိုတာရှိတယ်။ ဒါပေမဲ့ အဲဒါနဲ့ မလုံလောက်ဘူး။ သင်တန်းဆိုတာ နှစ်စဉ်ထောင်ချီပေးနေတာ။ အခု နောက်ပိုင်းတော့ ဘာတွေဆက်ဖြစ်လာမလဲ။ လုပ်ချင်သလိုလုပ်။ ဈေးတွေ တက်ချင်သလို တက်နေတာ။ ကစားတဲ့သူတွေ အရမ်းများတယ်။ ဈေးကွက်က မတည်ငြိမ်ဘူး။ ဈေးတွေ တအားတက်တာကို ဘယ်လို ထိန်းချုပ်မလဲ အဖြေရှာဖို့လိုတယ်။ အခု လွှတ်တော်သက်တမ်းမှာ မထိန်းကျောင်းရင် အရမ်း နောက်ကျသွားမယ်ဟု ၎င်းကသုံး သပ်ပြောဆိုသည်။
ဈေးကစားခြင်းကြောင့် လူတိုင်းအိမ်ခြံမြေပိုင်ဆိုင်နိုင်မှု အခွင့်အရေး နည်းပါးလာပြီး ယခုလာ မည့် လွှတ်တော်သက်တမ်းတွင် အိမ်ခြံမြေဈေးကွက်ဈေးနှုန်းမြင့် မားနေခြင်းကို ထိန်းကျောင်းနိုင်ရန် အကျိုး ဆောင်လုပ်ငန်း လုပ်ကိုင်သူများက မျှော်မှန်း လျက်ရှိသည်။ ကွန်းဈာန်
 
 

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60610

© 2022 - 2026 News. All Rights Reserved.