Breaking

နေပြည်တော်မြို့တွင်း ခရီးစဉ်အတွက် ရာဇာမင်းယာဉ်လိုင်းမှ EV ဘတ်စ်ကားများ စတင်ပြေးဆွဲ

နေပြည်တော်၊ ဇူလိုင် ၉
    ရာဇာမင်းယာဉ်လိုင်းမှ လျှပ် စစ်ဘတ်စ်ကား (EV Bus) များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်မှ စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။
    စတင်ပြေးဆွဲသည့် ရာဇာမင်း EV ဘတ်စ်ကားလိုင်း၏ မြို့တွင်းအဓိက ဖြတ်သန်းမည့် လမ်းကြောင်းမှာ မြို့မဈေး-NSA-သပြေကုန်း-စည်ပင်ဧည့်ရိပ်သာ-ဆင်ရုပ်-မြင်းရုပ်-နှင်းဆီပန်းအဝိုင်း-ဘောဂသီ ရိ (တောင်ညိုလမ်းအတိုင်း) ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးစဉ် အစ-အဆုံး ငွေကျပ်တစ်ထောင်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
    ဇွန်  ၂၂ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့၌ ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီး၏ နေပြည်တော် ကောင်စီနယ်မြေတွင် အများပြည်သူ ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်သည့် ဘတ်စ်ကားလိုင်းများ ပြေးဆွဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က နေပြည်တော်တွင် လက်ရှိ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း) ၏ ကြီးကြပ်မှုဖြင့် ရွှေသပြေ၊ ရွှေအောင်လံ၊ ရွှေပြည်သစ် ယာဉ်လိုင်းသုံးလိုင်းမှ Light Truck ယာဉ်များဖြင့် ပျဉ်းမနား-မြို့မဈေး၊ ပျဉ်းမနား-မြို့မဈေး-တောင်ညို၊ ပျဉ်းမနား-တပ်ကုန်း ခရီးစဉ်များသို့ နေ့စဉ် ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ တော်ဝင်ယာဉ်အသင်းက လမ်းကြောင်းလေးခုကို Bus ကားများဖြင့် ပြေးဆွဲလျက်ရှိပါကြောင်းနှင့် 'ရာဇာမင်း' ခရီးသည်ပို့ဆောင်ရေးယာဉ်အသင်းက EV Bus ကားများဖြင့် မြို့တွင်းယာဉ်လိုင်း ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။   ထူးမြတ်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.