ပညာရေး Passport (PE) သက်တမ်းတိုးခြင်းအတွက် အမှန်တကယ် ပညာသင်ကြားနေကြောင်း စာရွက်စာတမ်းများ တင်ပြရမည်

ရန်ကုန်၊ မေ - ၂၁
    ကိုရီးယားရောက်မြန်မာကျောင်း သားများပညာရေး Passport (PE) သက်တမ်းတိုးခြင်းအတွက် အမှန်တကယ် ပညာသင်ကြားနေကြောင်း စာရွက်စာတမ်းများ တင်ပြသွားရမည်ဖြစ်ကြောင်း မြန်မာသံရုံး  ဆိုးလ်မြို့မှ အသိပေးပြောထားသည်။
    "ပညာရေး Passport (PE) အမျိုးအစားက အမှန်တကယ် ပညာသင်ကြားနေသူများကို ထုတ်ပေးနိုင်ဖို့ လျှောက်ထားသူများအနေနဲ့ အမှန်တကယ်ပညာသင်ကြားနေကြောင်း စာရွက်စာတမ်း အထောက်အထားတွေကို ပူးတွဲတင်ပြသွားရမှာ ဖြစ်ပါတယ်"ဟု သံရုံးမှ ဆိုပါသည်။ 
    ကျောင်းဝင်ခွင့်ပြုသည့်စာ၊ နောက်ဆုံးဖြေဆိုခဲ့သည့် ဘာသာရပ်များအတွက်အမှတ်စာရင်း၊ ကျောင်းလခပေးသွင်းထားသည့် အထောက် အထား၊ ကျောင်းတက် ရောက်နေကြောင်း ထောက်ခံစာ စသည်တို့ကို မူရင်း၊ မိတ္တူတို့နှင့်အတူ တင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။
    သံရုံးအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် ပညာသင်ကြားနေသည့် မြန်မာနိုင်ငံသားများ၏ ပညာရေးနိုင်ငံကူးလက်မှတ် (EP) သက်တမ်းတိုး လျှောက်ထားမှုများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။
    သို့ဖြစ်ရာ နိုင်ငံကူးလက်မှတ်သက် တမ်းတိုးခြင်းကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စနစ်တကျစိစစ် ဆောင်ရွက်ပေးနေရာတွင် အမှန်တကယ် ပညာသင်ကြားနေသည့် ကျောင်း သားများ၏ အခွင့်အရေးများ ဆုံးရှုံးမှု မရှိစေရန်အတွက် အမှန်တကယ် ပညာသင်ကြားနေကြောင်း စာရွက်စာတမ်းများ တင်ပြသွားရန် အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။  PHYU

Total Views ~ 2

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62320

© 2022 - 2026 News. All Rights Reserved.