Breaking

ပညာရေးကို ဖျက်ဆီးခြင်းက နိုင်ငံ့အနာဂတ်ကို ဖျက်ဆီးခြင်းဟု သမ္မတပြော

နေပြည်တော်၊ ဇူလိုင် ၂
    ပညာရေးကို ဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
    ဇွန် ၂၉ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတ ရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
    နိုင်ငံတော်သမ္မတက "နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြှင့်တင် ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး KG+9 အထိ မသင်မနေရ ပညာရေးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်းမွန်တိုးတက်စေရေး တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လို ကြောင်း၊ နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများမှ ထူးချွန်သည့် ကျောင်းသား ကျောင်းသူများ ပိုမိုတိုးတက်ပေါ်ထွန်းလာစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း"ပြောကြားသည်။
    ထို့အပြင် "အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိသည့် စာသင်ကျောင်းများမှ ပြန်လည်ဖွင့်လှစ်နိုင်သည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကောင်းစွာပညာသင်ကြားရေးကို ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားရသည့် ကျောင်းများ ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသကို နိမ့်ပါးသည့်နေရာသို့ ရောက်အောင်တွန်းပို့ ဖျက် ဆီးနေခြင်း ပင်ဖြစ်ကြောင်း၊ ပညာရေးကို ဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းပင် ဖြစ်ကြောင်း"ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ကြောင့် ဒေသပျက်စီးရေး ဆောင်ရွက်နေမှုများကို နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မျိုးချစ်စိတ် ရှိသူများက ဒေသတွင်းစုပေါင်းအားဖြင့် ဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ စာသင်ကျောင်းများ လုံခြုံရေးလုပ်ငန်းများကိုဆောင် ရွက်ပြီး ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရန်၊ ဒေသအလိုက် လုံခြုံရေး ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ စီမံချက်များ ရေးဆွဲဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ထူးမြတ်

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.