ရန်ကုန် နိုဝင်ဘာ ၂၂
Lumpinee Super Fight ဟုအမည်ပေးထားသောမွေ့ထိုင်းပြိုင်ပွဲတွင်မြန်မာ့ရိုးရာလက်ဝှေ့သမားဖြစ်သည့် ကျော်စွာဝင်းသည် ယနေ့ညပိုင်းတွင် ထိုင်းဖိုက်တာ ပတ်ထောင်ချိုင်နှင့်ယှဥ်ပြိုင်ထိုးသတ်သွားရာ ဒုတိယအချီတွင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲမှာ တွဲဆိုင်း (၁၀) ဆိုင်းထည့်သွင်းထားပြီး ကျော်စွာဝင်းနှင့်ထိုင်းဖိုက်တာ ပတ်ထောင်ချိုင်တို့က ပွဲစဥ် (၇) တွင် မွေထိုင်း (၁၄၂) ပေါင်တန်းမှ ယှဥ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ကျော်စွာဝင်းသည်ထိုင်းနိုင်ငံ၏ နာမည်ကြီး Gym တစ်ခုဖြစ်သည့် Fairtex Training Center နှင့် စာချုပ်ချုပ်ဆိုထားပြီးနောက် ထိုင်းနိုင်ငံမှာ ပထမဆုံး မွေထိုင်းထိုးသ-တ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းဖိုက်တာ ပတ်ထောင်ချိုင်သည် ဝါရင့်မွေထိုင်းဖိုက်တာတစ်ဦးဖြစ်ပြီး အပိုင်အခွင့်အရေးကိုစောင့်ဆိုင်နေသောလည်း ကျော်စွာဝင်း၏ဒုတိယအချီတွင် ပြင်းထန်အားပါသော လက်သီးချက်များကို ခံခဲ့ရပြီး အလဲထိုးဖြင့် ရှုံးနိမ်ခဲ့သည်။ကျော်စွာဝင်းသည် ထိုင်းမီဒီယာများနှင့် ထိုင်းဖိုက်တာများစောင့်ကြည့်ခြင်းခံနေရသော ကစားသမားတစ်ဦးဖြစ်ပြီးယခုနိုင်ပွဲက ကျော်စွာဝင်း၏ ပြည်ပဖိုက်တာကစားသမားဘဝအတွက် အဖွင့်လှစေခဲ့သည်။ HM