ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၄ 
           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အလယ်ပိုင်းတိုင်း အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အဦများအား ရှေးမူမပြတ် ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံနေမှု အခြေအ နေများကို ကြည့်ရှုစစ်ဆေးသည်။
    ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားဖူးလာမိဘပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးဆွမ်းတော် နှင့် ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုသည်။
   ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးအား လက်ယာရစ်လှည့် လည်၍ ဘုရားကြီးရှိ သာသနိကအဆောက်အဦများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက် စီးခဲ့ရမှုများအား ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ဆောက်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ရသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များလမ်းညွှန်မှာကြားသည်။
    ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်း အလှူတော်ငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှတာဝန်ရှိသူများက လက်ခံရယူ ကြသည်။
   ယင်းနောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ပလှူဖွယ်ပစ္စည်းများပြခန်းနှင့် ချိတ်ဆွဲရတနာ ခန်းမသို့ရောက်ရှိပြီး ငလျင်ဘေးဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သော လှုပ်ခတ်မှုများ ကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင် အများပြည်သူ များလှူဒါန်းထားရှိသည့် ရတနာရွှေငွေကျောက်သံပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငှက်မြတ်နားတော်၊ ရတနာရွှေအိုးနှင့် ဆည်းလည်းကိုးခိုင်၊ နတ်မင်းကြီးလေးပါး၊ ဇွန်းလေးဘုံ၊ ဆပ်သွားဖူးတော်၊ ထီးတော်ကြီး ဘုံကိုးဆင့် တို့အား ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
    ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် ဘုရားစောင်းတန်းနေရာသို့ရောက်ရှိပြီး ဘုရားစောင်းတန်းများသည် ဘုရားဖူးလာမိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်ရန် ဆောင်ရွက်ပေးထားခြင်းဖြစ်သဖြင့်စနစ် တကျဖြစ်ရန်လိုကြောင်းဖြင့် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပြီး ဘုရားဖူးလာရောက်ကြသည့် ဘုရားဖူးလာမိဘပြည်သူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရသည်။ 

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58582

© 2022 - 2025 News. All Rights Reserved.