ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)တွင် ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၈
    (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုသောအားဖြင့် ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်သည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်တွင် စက်မှုဝန်ကြီးဌာနရုံး အမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
    ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် နေပြည်တော်တွင် ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ MSME များသည် နိုင်ငံ့စီးပွား ရေး၏ အခြေခံအင်အားစုဖြစ်သည့်အပြင် ပြည်တွင်း အလုပ်အကိုင်ဖန်တီးမှု၊ ဒေသအလိုက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေးဝမ်းကျောင်းတိုးတက်ရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ပြပွဲနှင့် ဈေးရောင်းပွဲတော်မှတစ်ဆင့် ပြည် နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ MSME ထုတ်ကုန်များကို စုစည်းပြသနိုင်ခြင်း၊ စားသုံးသူများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခြင်း၊ ဈေးကွက်တိုး ချဲ့နိုင်ခြင်းနှင့် အပြန်အလှန် လေ့လာသင်ယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ ပြည်ထောင်စုအဆင့် ြှနြ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဗဟိုကော်မတီကို ဖွဲ့စည်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးပြီးဖြစ်ကြောင်း၊ ကျင်းပရေး ဗဟိုကော်မတီအနေဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များ ကိုလည်း သတ်မှတ်တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
    စက်မှုဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အေဂျင်စီများနှင့် ပူးပေါင်းချိတ်ဆက်ပြီး အောင်မြင်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချမည့်ဆိုင်ခန်းများ၊ လုပ်ငန်း၊ စီးပွား ချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာ ပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန် ထုတ်သမဝါယမ ပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများ အပါအဝင် ပြခန်းပေါင်း ၁၀၁ ခန်းခန့် ပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ကျင်းပရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအားလုံးက ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲ(နေပြည်တော်) ဆောင်ရွက်ရမည့် အခြေအနေကို ဆွေးနွေးပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။ သက်မှူး

Total Views ~ 2

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60003

© 2022 - 2026 News. All Rights Reserved.