နေပြည်တော် ဧပြီ ၂
ပြည်သူ့ဆန္ဒနဲ့အညီ တိုင်းပြည်နဲ့ ပြည်သူကို စောင့်ရှောက်မယ့် သမ္မတကြီးကို ရွေးချယ်ပေးမယ်"လို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာထွန်းထွန်းဝင်းက ပြောပါတယ်။
"ပြည်သူ့ဆန္ဒနဲ့အညီ မနက်ဖြန်ကျရင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သမ္မတကြီးကို ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူ့သမ္မတ ဖြစ်တဲ့အတွက် ပေါ်ပေါက်လာတဲ့ သမ္မတကြီးက ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့ဆန္ဒကို အကောင်းဆုံး လုပ်ဆောင်ပေးမယ်လို ယုံကြည်ပါတယ်။ မနက်ဖြန်ဆိုရင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့သမ္မတ ရွေးချယ်ပွဲမှာ ပြည်သူလူထု ကိုယ်စား ပြည်သူကိုစောင့်ရှောက်မယ့် သမ္မတ၊ တိုင်းပြည်ကို စောင့်ရှောက်မယ့် သမ္မတ၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်မယ့် သမ္မတကို ပြည်သူ့ကိုယ်စား ရွေးချယ်ပေးမယ်လို ပြောကြားလိုပါတယ်"လို ဒေါက်တာထွန်းထွန်းဝင်းက ပြောပါတယ်။
မနက်ဖြန် (ဧပြီလ ၃ ရက်) ကျင်းပမယ့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။