ရန်ကုန် ၊ နို၀င်ဘာ ၂၆
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း V V Chen " ဒေါ်နန်းဆုသဇင်အောင် " ဟူသော မြန်မာနာမည်ပြောင်း၍ ရွေးကောက်ပွဲ၀င်မည်ဖြစ်ကြောင်း သိရသည်။
V V Chen သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (Peace and Development Party ) ကိုယ်စားပြုလှိုင်သာယာမြို့နယ် (အနောက်) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
V V Chen က " မွေးဖွားလာကတည်းက တစ်ကြိမ်မှ မပြောင်းဖူးသော မြန်မာအမည်- ဒေါ်နန်းဆုသဇင်အောင် ဖြစ်ပါတယ်ရှင်။ရင်းနှီးတဲ့လူအများစုကတော့ ဆု လို့ခေါ်ပါတယ်။ မဲသွားပေးတဲ့အခါမှာ မြန်မာအမည်မှတ်မိအောင် လွယ်လွယ်ကူကူမှတ်လို့ရပါတယ်ရှင်" ဟူ၍ ၎င်း၏ လှုမှုကွန်ယက်မှတဆင့် အသိပေးထားသည်။
V V Chen သည် ကျန်းမာရေးရှု ထောင့်မှနေ၍ knowledge Sharing လိင်ပိုင်းဆိုင်ရာ အသိပညာပေး Vlog များဖြင့် လူသိများခဲ့သူဖြစ်သည်။၎င်းမှာယခင်က ပြည်သူ့ပါတီ၀င် တစ်ဦးဖြစ်ခဲ့ပြီး စက်တင် ဘာလတွင် ပြည်သူ့ပါတီမှ နှုတ် ထွက်ကာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (PDP) သို့ ကူးပြောင်းသွားခဲ့ခြင်းဖြစ်သည်။ ညီသစ်