ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဟု RCSS ထုတ်ပြန် 

ရန်ကုန်၊ မေ ၂၁ 
    ပြဿနာအရပ်ရပ်ကို ဖြေရှင်းရာတွင်  ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဖြေရှင်းသွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က မေလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
    (၆၆)နှစ်မြောက် သျှမ်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနား ထုတ်ပြန် ကြေညာချက်တွင် RCSS အထက်ပါအချက်ကို ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် RCSS သည် အဘက်ဘက်နှင့် တွေ့ဆုံဆွေးနွေး၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    ထို့အပြင် တာဝန်ရှိနေသောကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အသိသက်သေ နိုင်ငံများအနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရာတွင် ပါဝင်ကူညီဖြေရှင်းပေးကြပါရန် RCSS ကတို က်တွန်းထားသည်။

Total Views ~ 728

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60633

© 2022 - 2026 News. All Rights Reserved.