ဘားအံမြို့နယ် ခရီးသွားလုပ်ငန်းအထောက်အကူဖြစ်စေရန် EV Charging Station များ စတင်လုပ်ဆောင်နေပြီဟု လွှတ်တော် ကိုယ်စားလှယ်ပြော

နေပြည်တော်၊ ဇူလိုင် ၉
    ကရင်ပြည်နယ် ဘားအံမြို့နယ် ခရီးသွားလုပ်ငန်း အထောက်အကူဖြစ်စေရန် EV Charging Station များ စတင်ဖွင့်လှစ် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစောမြက ပြောသည်။ 
    "ကရင်ပြည်နယ် ခရီးသွားလုပ်ငန်းအတွက် EV ကားတွေ လာမယ်ဆိုရင်လည်း စွမ်းအင်ဖြည့်လို့ရအောင် ကျွန်မတို့ လွှတ်တော်အနေနဲ့ EV Charging Station တွေကို တည်ဆောက်နေတယ်။ နောက်ထပ်လုပ်ချင်တဲ့ သူတွေကိုလည်း အဆိုတင်သွင်းထားတယ်။ အဲဒါလည်း အောင်မြင်ပါတယ်။ အားလုံးက ပြည်နယ်လွှတ်တော်မှာ ထောက်ခံတယ်။ EV Charging Station တွေကို ဘားအံမြို့နယ်မှာ လုပ်နေပြီ။ ခရီးသွားလုပ်ငန်းကို အထောက်အကူ ဖြစ်အောင်ပါ။ လွှတ်တော်မှာလည်း အဆိုတင်သွင်းထားတယ်။ အမှိုက်ပစ်တာကအစ စနစ်တကျ ဖြစ်အောင်လုပ်မှာပါ။ မြိုင်ကြီးငူ ကျုံထော် ရေတံခွန်အထိပေါ့။ အစိုးရအဖွဲ့ကပဲ ဦးစီးလုပ်ဆောင်တာပါ။ EV Charging Station တွေအတွက်ကိုလည်း လုပ်ချင်တဲ့သူတွေက လျှောက်လွှာတင်ကြတယ်။ လေးခုလောက်တော့ ဖွင့်ထားတယ်။ နောက်ထပ် လေးခု လောက်က စိစစ်နေတုန်းပါပဲ။ လွှတ်တော်မှာ တင်တာသိလိုက်တယ်။ နောက်ထပ်လျှောက် ထားတာလည်းရှိတယ်"ဟု ၎င်းကပြောသည်။ 
    လက်ရှိအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ ဟိုတယ်များ အခန်းလွတ်မရှိသည်အထိ ပြည်တွင်းခရီးသွားလာ ရောက်မှုများပြားနေပြီး မိုးရာသီတွင် ဘားအံမြို့၏ ခရီးသွားရာသီ ဖြစ်သည့်အတွက် လာရောက် လည်ပတ်ရန် စောင့်ဆိုင်းနေမှုများပင်ရှိကြောင်း သိရသည်။
    ဘားအံဒေသခရီးစဉ်များအတွင်း လည်ပတ်နိုင်သည့်နေရာများမှာ ဘားအံ ဇွဲကပင်တောင်၊ တောင်ဝိုင်းတောင်၊ ကြာအင်းတောင်၊ ရွှေရင်မျှော်ဘုရား၊ ဘုရင့်ညီနောင်ဂူနှင့် ရေပူစမ်း၊ ကော့ဂွန်းဂူ၊ ရသေ့ပြန်ဂူ၊ ကော့ကသောင်းဂူ၊ ဆဒ္ဒန်ဂူ၊ နောင်ခလိုင်ရေဂူ၊ လွန်းညရေပြာအိုင်၊ ဘားအံညဈေးတန်း၊ သာမညဆရာတော် ဘုရားကြီး အဓိဋ္ဌာန်အောင်မြင်သော ကျောက်ကလပ်စေတီတော်၊ ထွန့်ပတိုင်ရေ ကန်၊ နောင်လုံတောင်ကြား လမ်းတို့ ဖြစ်သည်။ ကွန်းဈာန် 

Total Views ~ 20

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65355

© 2022 - 2026 News. All Rights Reserved.