Breaking

မန္တလေးမြို့ လက်ဖက်ရည်ဆိုင် မီးလောင်မှု၊အလုပ်သမားတစ်ဦး မီးလောင်ဒဏ်ရာကြောင့် အရေးပေါ်ကုသမှုခံယူနေရ

ရန်ကုန် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလဖက်ရည်ဆိုင်တွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်နေ့) နံနက် ၇ နာရီ ၄၁ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် စားပွဲထိုးအလုပ်သမားတစ်ဦး မီးလောင်ဒဏ်ရာ(စိုးရိမ်ရ)ရရှပြီး အရေးပေါ် ကုသမှုခံယူနေရကြောင်းသိရသည်။

ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၅၈လမ်း၊ ၁၀၁ လမ်းနှင့် ၄၃ လမ်းကြားတွင် ဖွင့်လှစ်ထားသော ပေါက်ကျိုင်းလဖက်ရည်ဆိုင်မီးလောင်မှုကြောင့် Level 1 ယာဥ်အုပ်စု ထွက်ခွာကာ မီးငြိမ်းသတ်ရာနံနက် ၇ နာရီ ၅၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

 မီးလောင်မှုကြောင့်မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်နှင့်ပြင်ပလူနာဌာနတွင် မောင်အောင်ငြိမ်းချမ်း ပေါက်ကြိုင်းလက်ဖက်ရည်ဆိုင်တွင် စားပွဲထိုး၊ အလုပ်သမား ဖြစ်သူ သည် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာ ( စိုးရိမ်ရ) ဖြင့်ကုသမှုခံယူနေရကြောင်းသိရသည်။ HM

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58567

© 2022 - 2025 News. All Rights Reserved.