မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ဖွင့်လှစ်မည်

နေပြည်တော်၊ မေ ၂၁
    မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)တွင် ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် မွေးမြူရေး ပညာမဟာဘွဲ့သင်တန်း၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများ ဖွင့်လှစ်ရန်ရှိပါသဖြင့် လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
    အဆိုပါသင်တန်းဝင်ခွင့်လျှောက်ထားလိုသူများအနက် မွေးမြူရေးပညာမဟာ ဘွဲ့ (M.A.Sc.)သင် တန်းနှင့် တိရစ္ဆာန်မဟာ ဆေးသိပ္ပံဘွဲ့ (M.V.Sc.) သင်တန်း တက် ရောက်နေဆဲ သင်တန်းသားများသည် မေ ၂၉ ရက်တွင် သက်ဆိုင်ရာ ကျမ်းရေးသားပြုစုပြီးကြောင်း သက်ဆိုင်ရာ ပါမောက္ခ၊ ဌာန မှူး၏ ထောက်ခံစာ တင်ပြနိုင်ပါက ပါရဂူဘွဲ့ (Ph.D.) သင်တန်းကို လျှောက်ထားခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ 
    မွေးမြူရေးပညာမဟာဘွဲ့ (M.A.Sc.) သင်တန်းနှင့် တိရစ္ဆာန်မဟာဆေးသိပ္ပံ ဘွဲ့(M.V.Sc.) သင်တန်းများအတွက်သင် တန်းကာလနှစ်နှစ်နှင့် ပါရဂူဘွဲ့ (M.A.Sc.) သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး မွေးမြူရေးပညာမဟာဘွဲ့ (Ph.D.) သင်တန်းအတွက် ၂၀၂၅ ခုနှစ်အထိ B.A.Sc. ဘွဲ့ရရှိသူများ လျှောက်ထားနိုင်ပြီး လျှောက်ထားသည့် အထူးပြုဘာသာရပ်တွင် အနိမ့်ဆုံး Grade-4  (သို့မဟုတ်) အမှတ် ၆၅ မှတ်ရရှိရမည်ဖြစ် ကာ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (M.V.Sc.) သင်တန်းအတွက် ၂၀၂၅ ခုနှစ်အထိ Sc./D.V.M. ဘွဲ့ရရှိသူများ လျှောက်ထားနိုင်ပြီး လျှောက်ထားသည့် အထူးပြုဘာသာရပ်တွင် အနိမ့်ဆုံး Grade-4 (သို့မဟုတ်) အမှတ် ၆၅ မှတ်ရရှိရမည်ဟု သတ်မှတ်ထားသည်။
    ဆက်လက်၍ ဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့သင်တန်းအတွက် B.V.S./B.V.Sc./ D.V.M./B.A.Sc.အခြေခံဘွဲ့ ရရှိထားပြီး သက်ဆိုင်ရာ Veterinary Science Subject/ Animal Science Subject တစ်ခုခုဖြင့် ပြည်တွင်းပြည်ပ တက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာ Master ဘွဲ့ ရရှိရမည်ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာပုံစံများကို မေ ၁၈ ရက်မှစ၍ သင်တန်းရေးရာဌာန၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်တွင် ရယူနိုင်ပြီး လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် မေ ၂၉ ရက်အထိ ညနေ ၄ နာရီ နောက်ဆုံးထား၍ ကိုယ်တိုင်လျှောက် ထားရမည်ဖြစ်သည်။ ထူးမြတ်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62321

© 2022 - 2026 News. All Rights Reserved.