မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် အပန်းဖြေစခန်းတစ်ခု တည်ဆောက်၍ နှစ်ရှည်ငှားရမ်းရန် စီစဉ်

ရန်ကုန်၊ သြဂုတ် ၂၇
    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင်  ဧရာဝတီရှုခင်း သာအပန်းဖြေစခန်း တည်ဆောက်ဖွင့်လှစ်၍ နှစ်ရှည်ငှားရမ်းရန် စီစဉ်နေကြောင်း သိရသည်။
    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်း အရှေ့ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ ၂၄ ဧကခန့်ရှိ မြေနေရာတွင် အများပြည်သူအပန်းဖြေအနားယူ နိုင်ရေးအတွက် ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းအား တည်ဆောက်ဖွင့်လှစ်ရန် အစီအစဉ်ဖြစ်သည်။
    ယင်းသို့ ဧရာဝတီရှုခင်းသာအပန်း ဖြေစခန်းအား တည်ဆောက်ဖွင့်လှစ်ပြီး  နှစ်ရှည်ငှားရမ်းလုပ် ကိုင်လိုသူ တိုင်းရင်းသား လုပ်ငန်းရှင်များကိုလည်း စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest, EOI) တင်သွင်းရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ ဖိတ်ခေါ်ထားသည်။ အဆိုပြု လျှောက်လွှာများကို ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံး တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး လျှောက်လွှာများကို စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ တင်သွင်းရန် အသိပေးထားသည်။
    မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပပြီး River View အပန်းဖြေ နေရာတစ်ခုအဖြစ် အကောင် အထည်ဖော်နိုင်ရေးနှင့် ဧရာဝတီမြစ်အတွင်း စီးဝင်သည့် အင်ဂျန်းခချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုများကို ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ၂၀၂၄ ခုနှစ် မတ်လအတွင်းက ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။ နဒီ

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60628

© 2022 - 2026 News. All Rights Reserved.