မြန်မာနိုင်ငံတွင် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု (၅၅) ကြိမ်မြောက်အထိ အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့


၂၀၂၂ ၊ ဒီဇင်ဘာ ၂
မြန်မာနိုင်ငံတွင် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု (၅၅) ကြိမ်မြောက်အထိ အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့ရှိအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် လူနာ မခင်ညိုညိုထွေး အသက် (၂၃)နှစ်၊ အလှူရှင် မသင်းပြည့်ပြည့်မိုး အသက် (၂၅)နှစ် ညီအစ်မအတွဲအား ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းကို နိုဝင်ဘာ၂၉ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်၍ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။
အထူးကုဆေးရုံကြီး ( ခုတင်-၅၀၀) ရန်ကုန်တွင် ဆေးရုံကြီးစတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ်မှစတင်၍ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် (၄) ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် (၁၀)ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် (၁၀)ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် (၉)ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် (၉)ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၁၀)ကြိမ်နှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ (၂)ကြိမ် စုစုပေါင်း (၅၄)ကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအကြိမ်သည် (၅၅) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုဖြစ်ကြောင်း သိရသည်။

Total Views ~ 464

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.