မြန်မာနိုင်ငံယာယီသမ္မတ၏ ဖိတ်ကြားချက်အရဘယ်လာရုစ်သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်လာရောက်မည်

ရန်ကုန် နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒားလူကာရှန်ကိုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းကဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အား မြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ပြီး ခရီးစဥ်အတွင်း ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် လွတ်လပ်ရေးနန်းတော်၌တွေ့ဆုံခဲ့ဖူးသည်။ ပထမအကြိမ်တွေ့ဆုံမှုတွင် ဘယ်လာရုစ်နိုင်ငံနှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ဘီလာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိခဲ့စဥ်ကမြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကို အား "အဂ္ဂမဟာသရေစည်သူဘွဲ့"ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ HM

Total Views ~ 24

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58449

© 2022 - 2025 News. All Rights Reserved.