Breaking

မြန်မာပိုက်ကျော်ခြင်း ကစားသမားနှစ်ဦးကို ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်မှ အလုံးစုံ တာဝန်ယူမည့် ပညာသင်ဆုပေးမည်

ရန်ကုန်၊ ဇူလိုင် ၉
    မြန်မာပိုက်ကျော်ခြင်းကစားသမား နှစ်ဦးကို တရုတ်နိုင်ငံ ကွမ်ရှီးတိုင်းရင်းသား တက္ကသိုလ်မှ ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ် အပြည့်အ၀ ထောက်ပံ့မည့်အစီအစဉ်ဖြင့် တက္ကသိုလ်တက်ရောက်နိုင်ရန် အလုံးစုံတာဝန်ယူမည့် ပညာသင်ဆုပေးအပ်မည်ဖြစ်ကြောင်း သိရ သည်။
    လျှောက်ထားလိုသည့် မြန်မာပိုက်ကျော်ခြင်းကစားသမားများအနေဖြင့် G-12 အောင်မြင်ကြောင်း လက်မှတ်/အထောက်အထားရှိရမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းအား ကစားကလပ်တစ်ခုခုတွင် လက်ရှိပါဝင် ကစားနေသူဖြစ်ရမည်ဖြစ်ကာ ပိုက်ကျော်ခြင်းအားကစားကို ကျွမ်းကျင်စွာ ကစားနိုင်သူဖြစ်ရမည်ကြောင်း၊ ပညာသင်ဆုရရှိသူများအား တရုတ်နိုင်ငံတွင် ပညာသင်ကြားနိုင်ရန် တရုတ်ဘာသာစကားကို အဓိကထား၍ အခြေခံမှစပြီး စနစ်တကျ သင်ကြားပေး မည်ဖြစ်ကာ စိတ်ပါဝင်စားသည့် အခြားဘာသာရပ်များကိုလည်း စိတ်ကြိုက်ရွေးချယ် သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
    ပညာသင်ဆု ရရှိသူများအား ဘွဲ့ရသည်အထိ ကျောင်းလခနှင့် အဆောင်လခများကို အပြည့်အဝထောက်ပံ့ပေးခြင်း၊ နေထိုင်စားသောက်မှုအတွက် ထမင်းစရိတ်နှင့် အားကစားဝတ်စုံ၊ အဝတ်အစား စရိတ်များထောက်ပံ့ခြင်း၊ လျှောက်ထားသူများအနက် မိသားစု နောက်ခံအခြေ အနေအရ အမှန်တကယ် လိုအပ်ချက်ရှိသောအားကစားသမားများဖြစ်ပါက အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် အပိုဆောင်း ထောက်ပံ့ကြေးငွေကို ထပ်မံဖြည့်စွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
    ထို့ကြောင့် လျှောက်လွှာများအား ဇူလိုင် ၁၀ ရက် နောက်ဆုံးထားပေးပို့ရမည် ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ဦးထင်အောင် ဖုန်း ၀၉ ၉၆၈၂၄၄၂၄၆ နှင့် ဦးထွဋ်ခိုင်နွယ် ဖုန်း ၀၉ ၄၂၁၁၀၉၃၇၅ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။ သက်မှူး

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.