မြန်မာ့ MSME လုပ်ငန်းများ CFC စီမံကိန်း လျှောက်ထားနိုင်ရန် ဖိတ်ခေါ်ထား

ရန်ကုန်၊ ဇူလိုင် ၁၆
    မြန်မာ့ MSME လုပ်ငန်းများ Common Fund for Commodities (CFC) ၏ (၂၉) ကြိမ်မြောက် စီမံကိန်းအတွက် အဆိုပြုလွှာများ လျှောက်ထားသွားနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
    "CFC ရဲ့ အဖွဲ့ဝင် ၁၀၁ နိုင်ငံက MSME၊ သမဝါယမအသင်းများ၊ NGOs တွေနဲ့ အစိုးရအဖွဲ့အစည်းများ၊ အသေးစား လက်မှုဘဝများ မြှင့်တင်တာနဲ့ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလုပ်ဆောင်သော အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများမှ လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ လျှောက်ထားသင့် ပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ သက်ဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံ အနည်းဆုံး သုံးနှစ်ရှိဖို့လိုပါမယ်"ဟု ကုန်သွယ် ရေးဦးစီးဌာနမှ သိရသည်။
    အဆိုပါ အစီအစဉ်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၊ ကုန်းတွင်းပိတ်ဖွံ့ဖြိုး ဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲကျွန်းငယ်နိုင်ငံများ၏ စီမံကိန်းများအတွက် ရန်ပုံငွေ ဦးစားပေး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရ သည်။
    အထွေထွေဦးစားပေး နယ်ပယ်များအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စိုက်ပျိုးရေးနှင့် ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနည်းပါးသော လုပ်ငန်းများ၊ စိုက်ပျိုးရေးနည်းပညာနှင့် ဒစ်ဂျစ်တယ်ကိရိယာများ၊ တောင်သူလယ်သမားများအတွက် ငွေကြေးထောက် ပံ့ပေး မှုများနှင့် ကျား၊ မ တန်းတူညီမျှမှုအမြင်ဖြင့် အမျိုးသမီး စွန့်ဦးတီထွင်သူများ၏ စီးပွားရေးလုပ်ငန်းများတွင် ဦးစားပေးထောက် ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    သို့ဖြစ်ရာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ သမဝါယမ လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အသေးစား လက်မှုဘဝများ မြှင့်တင်ရန်နှင့် ဒေသတွင်း  ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး လုပ်ဆောင်သော အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများမှ  လုပ်ငန်းလုပ် ကိုင်သူများ လျှောက်ထားသင့်ကြောင်း သိရသည်။
    CFC ၏ (၂၉)ကြိမ်မြောက် စီမံကိန်း အဆိုပြုလွှာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက် နောက်ဆုံး ထား တင်သွင်းပြီး လျှောက်ထားသွားနိုင်ကာ အသေးစိတ် သိရှိလိုသည်များကို CFC အတွင်းရေးမှူးချုပ်ရုံး Email-opencall@common-fund.org သို့လိပ်မူ၍ စုံစမ်းမေးမြန်းသွားနိုင်ကြောင်း သိရသည်။ PHYU

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63726

© 2022 - 2026 News. All Rights Reserved.