ရန်ကုန် ၊ ဇူလိုင် ၂
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ တစ်ဆင့် EPS စနစ်ဖြင့် ရက်သတ္တပတ်အတွင်း လုပ်သားသစ် ၁၂၀ ကျော် ထပ်မံ စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
"အသစ်ရောက်လာကြတဲ့ လုပ်သားတွေအနေနဲ့ ကျန်းမာရေးနဲ့ လုပ်ငန်းခွင် လုံခြုံရေးသတိပြုဖို့၊ နှစ်နိုင်ငံတည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိတယ်ဆိုရင်လည်း သံရုံးနဲ့ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်"ဟု သံရုံးယာယီတာဝန်ခံ သံအမတ်ကြီးက ပြောကြားခဲ့သည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ တစ်ဆင့် EPS စနစ်ဖြင့် ဇွန် ၁၆ ရက်မှာ ကုန်ထုတ်လုပ်သား ၂၂ ဦးနှင့် ဆောက်လုပ်ရေးလုပ်သား ၆၁ ဦးတို့ကို စေလွှတ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ဇွန် ၂၄ ရက်၌ ကုန်ထုတ်လုပ်သားသစ် ၄၅ ဦးကို ထပ်မံပို့ ဆောင်ပေးနိုင်ခဲ့သည်။ ဇွန် ပထမပတ်အတွင်း၌ လုပ်သားသစ် ၁၁၈ ဦးကို စေလွှတ်နိုင်ခဲ့ပြီး အခုအခါ ဇွန်အတွက် ဒုတိယ အသုတ် အဖြစ် ပို့ဆောင်နိုင်ခဲ့ခြင်းသည်။
ကိုရီးယားနိုင်ငံသို့ ဝင်ရောက်မည် ဆိုပါက မြန်မာလုပ်သားများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ တားမြစ်ထားသောပစ္စည်းများကို ယူဆောင်လာခြင်းမပြုရန်လိုကြောင်း သိရသည်။ ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ အသားနှင့် အသားထွက်ပစ္စည်းများ အမဲ သား၊ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ဝက်အူချောင်း၊ နို့ထွက်ပစ္စည်း(နို့၊ ဒိန်ခဲ၊ ထောပတ်၊ ဥအမျိုးမျိုးနဲ့ တိရစ္ဆာန်အစာများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက် များ သရက်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငရုတ်သီး၊ သင်္ဘောသီး၊ မျိုးစေ့များနှင့် ပျိုးပင်၊ အပင်ပေါက်၊ သစ်စေ့ သစ်ဥသစ်ဖုများ စသည့် ပစ္စည်းများ သယ်ဆောင်လာခြင်းကို တားမြစ်ထားကြောင်း သိရသည်။ PHYU