ရန်ကုန်၊ ဇန်နဝါရီ ၁၃
မဲဆွယ်ခွင့် ရရှိသလောက်ဖြင့် ရရှိလာသည့် ရမှတ်တိုင်းကို တန်ဖိုးထားကြောင်း လသာမြို့နယ် တစ်သီးပုဂ္ဂလပြည် သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောကြားလိုက်သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ဒုတိယအကြိမ် ပြု လုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) တွင် လသာမြို့နယ်၌ မဲပေးခွင့်ရှိသူ ၁၇၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
" မဲပေးခွင့်ရှိသူ ၁၇၀၀၀ ကျော် ၆၇၆၀ ပဲ မဲပေးပါတယ်။USDP မှ (၂၁၃၇) တစည မှ (၁၅၃၁) ၊ PPP ၁၁၀၀ တောင်သူလယ်သမား ပါတီက ၅၉၆ နဲ့ ကျမက (၁၃၉၆) ပဲ ရရှိပါတယ်။ ကျမကို မဲလာပေးကြသော လသာမြို့နယ်မှ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိပါတယ်။ အကန့်အသတ်များစွာထဲက မဲဆွယ်ခွင့် ရရှိသလောက်နဲ့ရရှိလာတဲ့ ရမှတ်တိုင်းကို တန်ဖိုးထားပါတယ်" ဟူ၍ ဒေါ်စန္ဒာမင်းက ၎င်း၏ လူမှုကွန်မှ တဆင့် အသိပေး ပြောကြားခဲ့သည်။