နေပြည်တော်၊ ဇူလိုင် ၉
ရိုးသားဖြူစင်စွာဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်ပါက လွယ်ကူနိုင်မည်ဖြစ်ပြီး ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးကပြော ကြားသည်။
ဇူလိုင် ၆ ရက်က အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုညှိနှိုင်းရေး ကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ် သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ အတွင်းရေးမှူး (၁) စောကျော်ညွန့်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် စောအောင်ကောင်းရွှေနှင့် စောသြဘာ၊ စီးပွားရေးဌာနမှူး စောဒေးဗစ်တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က KNU/ KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် မိမိတို့နှင့် စဉ်ဆက်မပြတ် လက်တွဲဆောင်ရွက်နေသည့်အဖွဲ့ ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက်လည်း ပေါင်းစပ်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ KNU/-KNLA ငြိမ်းချမ်းရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးက နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေး ဆက်လက်လျှောက်လှမ်းရန် ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ကြောင်း၊ ငြိမ်းချမ်းရေးလမ်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် ဖိတ်ခေါ်မှုအတွက် ဝမ်းသာကြောင်း၊ ငြိမ်းချမ်းရေးမပျက်သေးဘဲ ယနေ့ကဲ့သို့ အခွင့်အရေးရသည့်အတွက် များစွာဂုဏ်ယူကြောင်း၊ ရိုးသားဖြူစင်စွာဖြင့် ငြိမ်းချမ်းရေးအား ဆောင်ရွက်ပါက လွယ်ကူနိုင်မည်ဖြစ်ပြီး ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပဋိပက္ခ များလျှော့ချရေးနှင့် တည်ငြိမ်အေးချမ်းရေးမှတစ်ဆင့် ငြိမ်းချမ်းရေး ရရှိရေးလုပ်ငန်းစဉ်များကို NSPNC မှ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ သစ်လက်ထက်တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဃြဗ လမ်းကြောင်းမှ သွေဖည်သွားသည့်အဖွဲ့များ၊ NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စ ရပ်များထည့်သွင်း ဆွေးနွေးခဲ့သည်။ ထူးမြတ်