Breaking

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ကျောက်တံတားမြို့နယ်တွင် အောင်နိုင်ရေးဆိုင်ဘုတ်များ စိုက်ထူ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ဒီဇင်ဘာ၂ရက်နေ့တွင် ကျောက်တံတားမြို့နယ်၌ အောင်နိုင်ရေးဆိုင်ဘုတ်များကို  စိုက်ထူခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်မ ှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင် ဦးကျော်နေဝင်းက "ဒီနေ့က ကျောက်တံတားမြို့နယ်မှာ အောင်နိုင်ရေးဆိုင်းဘုတ်ကို နေရာသုံးနေရာမှာစိုက် ထူတာဖြစ်ပါတယ်။ ကျားဖြူပါတီက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အဓိကထားတယ်ဆိုပေမယ့် ကျန်တဲ့ကဏ္ဍဖြစ်တဲ့ စားဝတ်နေရေးဆိုတဲ့အခြေခံသုံးရပ်မှာ ပြည်သူတွေက ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရတယ်။ ဒါတွေကို ကျွန်တော်တို့ လွှတ်တော် ထဲရောက်ရင် တင်ပြဆွေးနွေသွားဖို့ လည်း ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ကျောက်တံတားမြို့နယ်မှ ပါဝင်ယှဥ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေဖြင့် ဦးကျော်နေဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်(FPTP)အနေဖြင့် ဦးအောင်ဇော်၊ တိုင်းဒေသကြီး လွှတ်တော် (FPTP)အနေဖြင့် ဦးချစ်သက်ပိုင်ဦး၊ တိုင်းဒေသကြီး လွှတ်တော် (PR)ဦးရဲကိုနိုင်နှင့် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မောင်တို့ပါဝင်ယှဥ်ပြိုင်မည် ဖြစ်ကြောင်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဥ်များကို အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး ၊ငြိမ်းချမ်းရေးနှင့်အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျားဖြူပါတီအနေဖြင့် ကိုယ့်စားလှယ်လောင်း ၅၀၀ ကျော်ပါဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း၊ ပါတီအနေဖြင့် နိုဝင်ဘာ၂၅ ရင်နေ့တွင်လည်း ဒလမြို့နယ်တွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူခဲ့ပြီး၊ ၂၆ ရက်နေ့တွင် မရမ်းကုန်းနှင့် ဗဟန်းမြို့နယ်တို့တွင်လည်း ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း ၊ ၂၉ ရက်နေ့တွင် ဒဂုံဆိပ်ကမ်း မြို့နယ်တွင်လည်းကောင်း အောင်နိုင်ရေး ဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြောင်း  သိရသည်။ သက်မှူး

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58535

© 2022 - 2025 News. All Rights Reserved.