Breaking

သင်္ဘောသား စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည် ပါဝင်နိုင်မည့် သမဝါယမအသင်းတစ်ခု ဖွဲ့စည်း လုပ်ဆောင်နိုင်ရန် စီစဉ်နေ

ရန်ကုန်၊ ဇူလိုင် ၂
    မြန်မာ သင်္ဘောသားများအတွက် ပုံမှန်ဝင်ငွေရရှိစေပြီး စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ပါဝင်နိုင်စေရန် သမဝါယမအသင်းတစ်ခုကို ဖွဲ့စည်းလုပ်ဆောင်သွားနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမား များအဖွဲ့ချုပ်မှ သိရသည်။
    "သင်္ဘောသားဆိုတာက ကန်ထရိုက်အလုပ်ခန့်စာချုပ်နဲ့ အလုပ်လုပ်တာဖြစ်တဲ့အတွက် အလုပ်မလုပ်တဲ့အချိန်မှာ ဝင်ငွေမရှိပါဘူး။ ဝင်ငွေလေးရှိဖို့အတွက် ကျွန်တော်တို့ သင်္ဘောသားအဖွဲ့ချုပ်အနေနဲ့ မြန်မာသင်္ဘောသား သမဝါယမအသင်းဆိုပြီးတော့ ဖွဲ့မယ်။ ဖွဲ့ပြီးတော့ သင်္ဘော သားတွေကနေပြီးတော့ ဒီထဲမှာဝင်ပါပြီးတော့ လုပ်တဲ့စီးပွားရေးမှာ လှုပ်ရှားကြဖို့ ကျွန်တော်တို့အနေနဲ့ ဖိတ်ခေါ်လို့ပါတယ်"ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန်ဦးစိုးမင်းအောင်က  ပြော ကြားထားသည်။
    အဆိုပါ သင်္ဘောသား သမဝါယမအသင်းနှင့်အတူ သင်္ဘောသားများအတွက် ပင်စင်စနစ်ကိုလည်း လုပ်ဆောင်ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
    "သင်္ဘောသားတွေမှာ ပင်စင်စနစ်ဆိုတာလည်း မရှိပါဘူး။ အဲဒီအတွက် ပင်စင်ဆိုတာကို နိုင်ငံတော်က ခွင့်ပြုပေးဖို့ ဆက်လက်ပြီးတော့ တိုက်တွန်း အကောင်အထည်ဖော်နေတယ်"ဟု ၎င်းက ပြော သည်။
    အသက်ကြီးလာသည့်အခါ သင်္ဘောသားများ အဆင်ပြေပြေရပ်တည်နိုင်ရန်အတွက် ရည်ရွယ်ပြီး သင်္ဘောသားပင်စင်ကိစ္စကို လက်ရှိမှာ ညှိနှိုင်းဆွေးနွေးနေကြောင်း သိရသည်။
    ညှိနှိုင်းဆွေးနွေးပြီး အဖြေတစ်ခုရပါက သင်္ဘောသားများကို အသိပေး ထုတ်ပြန်သွားမည်ဖြစ်ပြီး သင်္ဘောသားပင်စင်ကို သင်္ဘောသားစုကြေးများမှတစ်ဆင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ကာ အသေးစိတ် အချက်အလက်များကို စတင်လုပ်ဆောင်နိုင်ချိန်၌ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ PHYU

Total Views ~ 18

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.