သရွီးရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲ  (Red Carpet Show) ပြုလုပ်

၂၀၂၃ ဒီဇင်ဘာ ၅ရက်

အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေး (ATK Group) မှ စီစဉ်တင်ဆက်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့ သရွီးရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲ (Red Carpet Show) ကို ယနေ့ ဒီဇင်ဘာ ၅ရက်နေ့ ညနေ ၅နာရီခွဲအချိန်က သမ္မတ ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သရွီး ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ် တက္ကသိုလ်ဂွမ်းပုံ နန်းခင်ဇေယျာ ထက်ထက်ထွန်း ရွှေအိမ်စည် စုံစုံ နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်ညွှန်း - စွမ်းပိုင်၊ မြေထက်လူ ဇာတ်လမ်းနှင့် ဒါရိုက်တာ - ပြည်ဟိန်းသီဟ အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေး ATK Group မှစီစဉ်ထာပြီး ဒီဇင်ဘာ ၇ ရက်နေ့ (အမျိုးသား)နေ့မှစတင်ပြီး မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ ကြီးတွေမှာ ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

Total Views ~ 874

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62643

© 2022 - 2026 News. All Rights Reserved.