Breaking

သံဖြူဇရပ်မြို့နယ်ရှိ မီးရထားပြ တိုက်နှင့် ပန်းခြံ အဆင့်မြှင့်တည် ဆောက်မည် 

ရန်ကုန် ၊ ဒီဇင်ဘာ ၃ 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ  မီးရထားပြတိုက်နှင့် ပန်းခြံအဆင့်မြှင့်တည်ဆောက်မည်ဖြစ်ကြောင်း  သိရသည်။

မီးရထားပြတိုက်နှင့် ပန်းခြံအဆင့်မြှင့်တည် ဆောက်ခြင်းလုပ်ငန်းအပိုင်း (ဂ)ဧရိယာ၏ မြေဧရိယာ(၀ ဒသမ၈၂)ဧကအတွင်း Food Court တည် ဆောက်ခြင်းနှင့် (၀ဒသမ ၈၂)ဧကအတွင်း Mini Market တည်ဆောက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည် ။

လက်ရှိတွင် အဆိုပါလုပ်ငန်းများကို ကိုယ်ပိုင်ရင်း နှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် စိတ်ပါဝင်စားသူမြန် မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအားမွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က စိတ်ဝင်စားမှု အဆိုပြုလွှာ ဖိတ်ခေါ်ထားသည်။

အဆိုပြုလျှောက်လွှာများကို  တစ်စောင်လျှင် ကျပ် ၅ သောင်းဖြင့် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ နို၀င်ဘာ ၂၇ ရက်နေ့ က စတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ၀ယ်ယူနိုင်ကြောင်း သိရသည်။
အဆိုပြုလျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်နေ့ရက်အဖြစ် ဒီဇင်ဘာ ၂၃ ရက်နေ့အဖြစ်သတ်မှတ်ထားပြီး အဆိုပြုလွှာတင်သွင်းသူများထံ အဆိုပြုလွှာဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်း ကြားပေးမည်ဟု အသိပေးထားသည်။

ထို့အပြင် တင်ဒါခေါ်ယူမှုနှင့်စပ်လျဉ်း၍ ယှဉ်ပြိုင်သည့်ကုမ္ပဏီမှသာ သိစေအပ်သည့် အသေးစိတ်အချက်အလက်များကို အခြားလူပုဂ္ဂိုလ် (သို့မ ဟုတ်) အဖွဲ့အစည်းသို့ ထုတ်ဖော်ပြောဆိုခြင်းမပြုကြောင်း သဘောတူညီချက်တင်ပြမှုဖြင့် လျှောက်လွှာရောင်းချပေးမည်ဖြစ်ကြောင်း မွန်ပြည် နယ်စည်ပင်သာယာရေးအဖွဲ့က အသိပေးထားသည်။ နဒီ

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58544

© 2022 - 2025 News. All Rights Reserved.