Breaking

အချက်အလက်ပြည့်စုံသည့် CMP သွင်းကုန်လိုင်စင်များ နေ့ချင်းပြီး စိစစ်ထုတ်ပေးမည်

ရန်ကုန်၊ ဇူလိုင် ၉
    စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ အချက်အလက်ပြည့်စုံသည့် CMP သွင်းကုန်လိုင်စင်များအားနေ့ချင်းပြီး စိစစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    " CMP သွင်းကုန်လိုင်စင်တွေ အချက်အလက်ပြည့်စုံရင် ပုံမှန်အတိုင်းနေ့ချင်းပြီး စိစစ်ထုတ်ပေးပါတယ်။ CMP ပို့ကုန်လိုင်စင်တွေကိုတော့ လျှောက်ထားလာချိန်မှာ စနစ်ကနေ အလိုအလျောက် စိစစ်ထုတ် ပေးတဲ့စနစ် (Auto Licence)နဲ့ ခွင့်ပြုဆောင်ရွက် ပေးနေတာဖြစ်ပါတယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
    CMP သွင်းကုန်လိုင်စင်များကို လျှောက်ထားရာတွင် Tradenet2.0 စနစ်မှ တစ်ဆင့် သက်ဆိုင်ရာ CMP အသင်းများဖြစ်ကြသည့် အထည်ချုပ်လုပ်ငန်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းတို့၏ စိစစ်ထောက်ခံချက်များ နှင့်အတူ စနစ်အတွင်းလျှောက်ထားရောက် ရှိလာသော သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံ ပါက နေ့ချင်းပြီး စိစစ်ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 
    CMP လက်ခစား စနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိက အားထားရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီး ပေးနိုင်ခြင်းနှင့် လက်ခစားလုပ်အားဖြင့် နိုင်ငံခြားငွေရှာဖွေပေးနိုင်သော လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းလည်ပတ်နေသော CMP အထည်ချုပ်စက်ရုံ ၅၀၀ ကျော်ခန့်ရှိပြီး ၂၀၂၆ ခုနှစ် ဧပြီလမှဇွန်လအထိ သုံးလတာကာလအတွင်း CMP သွင်းကုန်လိုင်စင် ၈၀၄၂ စောင်၊ တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၃၃၂၂ သန်းလိုင်စင်ခွင့်ပြု ထုတ်ပေးထားရှိ ပြီးဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။ PHYU

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.