အချက်အလက်မပြည့်စုံသည့် သံရုံးဝန်ဆောင်မှု လျှောက်ထားခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးမည်မဟုတ်ဟု ဆို

ရန်ကုန် ၊ ဇူလိုင် ၂
    ကိုယ်ရေးအချက်အလက် မပြည့်စုံသည့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအပါအဝင် သံရုံးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းဖြစ်သည့် ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွား မည်မဟုတ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အသိပေးပြောလာသည်။
    "မပြည့်စုံမှုကို ပြန်လည်ပြင်ဆင်ပေးပို့ဖို့ အကြိမ်ကြိမ် အကြောင်းကြားနေရတာကြောင့် မလိုလားအပ်တဲ့ အချိန်နှောင့်နှေးကြန့်ကြာမှုတွေနဲ့ တခြားလုပ်ငန်းရပ်တွေကို ဆောင်ရွက်ရာမှာ ထိခိုက်မှုရှိနေပါတယ်။ ဒါကြောင့် သံရုံးအနေနဲ့  အခုအချိန်ကစပြီး မှန်ကန်ပြည့်စုံစွာ ရေးဖြည့်ထားတာ မရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကိစ္စရပ်တွေကို လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးမှာ မဟုတ်ဘူး"ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ပြောသည်။
    သံရုံးအနေဖြင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းရန်အတွက် ခေါ်ယူတွေ့ ဆုံပြီး ရှင်းလင်းပြောကြားခြင်း၊ ရေးသွင်းပြီး ပေးပို့လာခြင်းများကို ဆက်လက်စိစစ်ခြင်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
    သို့ရာတွင် အချက်အလက်ရေးသွင်းရသူ အများစုမှာ ပြည့်စုံအောင် မဖြည့် သွင်းခြင်း၊ ဖြည့်သွင်းထားမှု မမှန်ကန်ခြင်းများကြောင့် လုပ်ငန်းစဉ်အရ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။
    ကိုယ်ရေးအချက်အလက် ဖြည့်သွင်းသူများသည် မိဘအမည်တွင်"မရှိ" ဟု ဖော်ပြခြင်း၊ နေရပ်လိပ်စာတွင် မြို့နယ်အမည်သာ ဖြည့်ခြင်းနှင့် ကျန်အချက်အလက်များကိုလည်း အဖြစ်သဘော ဖြည့်ထားပြီး တိုက်ဆိုင်စစ်ဆေးချိန် မှန်ကန်မှုမရှိခြင်း စသည့် အချက်အလက်များ ဖြစ်ပေါ်နေကြောင်း သိရသည်။
    သို့ဖြစ်ရာ အချိန်နှောင့်နှေးကြန့်ကြာမှုများနှင့် တခြားလုပ်ငန်းရပ်များကို ဆောင်ရွက်ရာ၌ ထိခိုက်မှုများ မဖြစ်စေရန်၊ မှန်ကန်ပြည့်စုံစွာ ရေးဖြည့်ထားခြင်းမရှိသော ပုဂ္ဂိုလ်များ၏ ကိစ္စရပ်များကို လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည် မဟုတ်ကြောင်း သိရသည်။ PHYU

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63356

© 2022 - 2026 News. All Rights Reserved.