အစိုးရ ရက် ၁၀၀ ကာလအတွင်း အာကာသအေဂျင်စီ၏ အောင်မြင်တိုးတက်မှုကို နိုင်ငံတော်သမ္မတ ဂုဏ်ပြု

နေပြည်တော်၊ ဇူလိုင် ၃၀
    မြန်မာအာကာသ အေဂျင်စီအနေဖြင့် အစိုးရ၏ ရက် ၁၀၀ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်တိုးတက်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးမှု များအတွက်လည်း ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံအနေနှင့် ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် အာကာသ နည်းပညာဆိုင်ရာနှင့် ပတ်သက်၍ ဂုဏ်ယူဝံ့ကြွားနိုင်သော နိုင်ငံတစ်ခုဖြစ်လာမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
    ဇူလိုင် ၂၇ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ် ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ (MSA)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြီး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
    နိုင်ငံတော်သမ္မတက "မြန်မာအာကာသအေဂျင်စီဖွဲ့စည်းနိုင်မှုနှင့် လုပ်ငန်းများတိုးတက်ဖွံ့ဖြိုး နေမှုများသည် နိုင်ငံတော်အတွက် အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံတိုင်းအနေဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ တိုးတက် မြင့်မားစေရေးအတွက် အိပ်မက်များ၊ ရည်မှန်းချက်များ ကိုယ်စီရှိကြကြောင်း၊ အာကာသနည်းပညာနှင့်ပတ်သက်၍ မိမိတို့မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် စိတ်ကူးများ၊ ရည်မှန်းချက်များကိုယ်စီ ရှိကြကြောင်း၊ သို့သော်လည်း အဆိုပါရည် မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရသည်မှာ လွယ်ကူသည့်လုပ်ငန်းတစ်ခု မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် အာကာသနည်းပညာနှင့်ပတ်သက်၍ ယခင်ကတည်းကပင် စိတ်ဝင်တစားဖြင့် ဆောင်ရွက်ခဲ့ကြ ကြောင်း၊ လူသားအရင်း အမြစ်များလည်း ကြိုတင်မွေးထုတ်လေ့ကျင့်ပေးပြီးဖြစ်ကြောင်း၊ မိမိနိုင်ငံတော် တာဝန် ကိုထမ်းဆောင်ချိန်တွင် အာကာသနှင့်သက်ဆိုင်သည့် နည်းပညာရပ်များ သင်ကြားနိုင်ရန်အ တွက် ပြည်ပသို့ပညာတော်သင်များကို စေလွှတ်ခဲ့ကြောင်း"ပြောကြားသည်။ 
    ထို့အပြင် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည်ဖြစ်သဖြင့် အာကာသနည်း ပညာဆိုင်ရာများကို  မဖြစ်မနေ သိရှိနားလည်ရမည်၊ အကျိုးရှိအောင် အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် ပထဝီမြေပြင် ပြောင်းလဲမှုဆိုင်ရာများ၊ မီးတောင်များ ပေါက်ကွဲခြင်း၊ ရေကြီးခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို အာကာသနည်းပညာ အသုံးပြု၍ အသေးစိတ် အချက်အလက်များအား သိရှိနိုင်ကြောင်း၊ ထိုသို့ဂြိုဟ်တုများ အသုံးပြု၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာမြေပြင်အတွက် များစွာ အကျိုးဖြစ်ထွန်းစေကြောင်း၊ မြေပြင်အချက်အလက်များကို အာကာသတွင်းရှိ ဂြိုဟ်တုများမှရရှိသည့် အချက်အလက်များနှင့် ပေါင်းစပ်ဆောင်ရွက် မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေနိုင် မည်ဖြစ်ကြောင်း၊ အာကာသနည်းပညာကို မိမိတို့အနေဖြင့် မဖြစ်မနေ အသုံးချနိုင်ရမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကိုလည်းများစွာ အကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
    ဆက်လက်၍ နိုင်ငံ၏ အာကာသနည်းပညာ မြင့်မားတိုးတက်လာစေရေး အတွက် မိမိအနေဖြင့် နိုင်ငံတော်၏ ရေရှည် အကျိုးကိုကြည့်၍ ပံ့ပိုးအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ အာကာသနည်းပညာများ တိုးတက်လာခြင်းဖြင့် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကိုလည်း မိမိတို့အနေဖြင့် စဉ်ဆက်မ ပြတ် မွေးထုတ်ပေးရမည်ဖြစ်ကြောင်း၊ အာကာသဗဟုသုတနှင့် နည်းပညာဆိုင်ရာ ပြိုင်ပွဲများ၊ ပြပွဲများ ကျင်းပပေးခြင်း၊ အာကာသပြတိုက်အား ခေတ်နှင့်အညီ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ခြင်းတို့ဖြင့်လည်း အာကာသနည်းပညာကို စိတ်ပါဝင်စားမှု မြင့်တက်လာစေရေး ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထူးမြတ်

Total Views ~ 12

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64433

© 2022 - 2026 News. All Rights Reserved.