ရန်ကုန်၊ ဇူလိုင် ၂
အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် အတားအဆီးချထားသူများကို ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
"စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းမတွေပေါ်က ယာဉ်ရပ်နားနိုင်တဲ့နေရာတွေမှာ အတားအဆီးတွေ ချထားတာတွေနဲ့ပတ်သက်ပြီး မပြုလုပ်စေဖို့အတွက် ပြည်သူတွေလည်း ပူးပေါင်းပါဝင်သွားဖို့လိုပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးက ပြော သည်။
ပြည်သူလူထုတစ်ရပ်လုံးနှင့် မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်မှသာ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် အတားအဆီးချထားခြင်းများနှင့် ပတ်သက်ပြီး မြို့နယ်စည်ပင်သာယာအုပ် ချုပ်ရေးမှူးများမှ ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခြင်း၊ အတားအဆီးများကို ဖယ်ရှားရှင်းလင်းခြင်းများကို ဆောင်ရွက်နေကြောင်း သိရ သည်။
သို့ရာတွင် တချို့သောနေရာများမှာ ဥပဒေမလိုက်နာဘဲ ပြန်လည်ချထားခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။
ယခုကဲ့သို့ ဥပဒေကို လိုက်နာခြင်းမရှိဘဲ ထပ်မံကျူးလွန်သူများကို စစ်ဆေးတွေ့ရှိပါက ရန်ကုန် မြို့တော်စည်ပင်သာယာ ရေးဥပဒေ(၂၀၁၈)ပါ ပြဋ္ဌာန်းချက်များအတိုင်း ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ သိရ သည်။
၂၀၁၈ ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေ ပုဒ်မ ၃၁၅ အရအများ ပြည်သူဆိုင်ရာ လမ်းများပေါ်မှာ ယာဉ်ရပ်နားခြင်း၊ ယာဉ်သွားလာခြင်းကို အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်အတားအဆီးမျိုးကိုမဆို ပြုလုပ်ခြင်းမရှိစေရန် တားမြစ်ထားကြောင်း သိရသည်။ PHYU