ရန်ကုန် ၊ မေ - ၂၁
မြန်မာနိုင်ငံအဝေးပြေး ကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းအနေဖြင့် အဝေးပြေးကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းရှင်များ စက်သုံးဆီ လွယ်ကူချောမွေ့စွာ ဝယ်ယူနိုင်ရန်ချိတ် ဆက်ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"အသင်းအနေနဲ့ အသင်းသားတွေရဲ့ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ပေးနေပါတယ်။ စက်သုံးဆီနဲ့ပတ်သက်ပြီး Max Energy နဲ့ စာချုပ်ချုပ်ဆိုဖို့ စိတ်ပါဝင်စားသော အသင်းသားများအနေနဲ့ အသင်းကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်"ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင် ရေးဝန် ဆောင်မှုလုပ်ငန်းရှင် များအသင်းမှ ဆိုသည်။
စက်သုံးဆီ လွယ်ကူချောမွေ့စွာ ဝယ်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင် ရေးဝန်ဆောင်မှုလုပ် ငန်းရှင်များအသင်းသည် လက်ရှိမှာ Max Energy နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအဖြစ် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် အသင်းသားများအတွက် စက်သုံးဆီ လွယ်ကူချောမွေ့စွာ ဝယ်ယူရရှိနိုင်ရေးနှင့် လုပ်ငန်းခွင်အတွင်း ငွေရေးကြေးရေးဆိုင်ရာ အဆင်ပြေချောမွေ့မှုများ ရရှိစေရန်အ တွက် အဓိကရည်ရွယ်ထားကြောင်း သိရသည်။
ယခုကဲ့သို့ Max Energy နှင့် စာချုပ်ချုပ်ဆိုရန် စိတ်ပါဝင်စားသော အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ ရှိပါကလည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန် စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်းမှ ပြောကြားထားသည်။
ဆက်လက်၍ တခြားကဏ္ဍများ၌လည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနှင့် ချိတ်ဆက်မှုများ ဖော်ဆောင်ပေးသွားနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။ PHYU