ရန်ကုန် နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော ၂၀၂၆ အာရှယူ-၁၇ အမျိုးသား ခြေစစ်ပွဲ၏ ပထမပွဲစဥ်အဖြစ် ယနေ့ ညနေပိုင်းက မြန်မာအသင်းနှင့် အာဖကန်နစ္စတန်အသင်းတို့ယှဥ်ပြိုင်ခဲ့ရာ မြန်မာအသင်းက ၃ ဂိုး ၁ဂိုး ရလာဒ်ဖြင့်အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းအတွက်သွင်းဂိုးများကို ပထမပိုင်း ၃၃မိနစ်တွင် မျိုးခန့်ကျော်မှ လည်းကောင်း၊ဒုတိယပိုင်း ၄၇ မိနစ်တွင် ရဲနိုင်အောင်မှလည်း ကောင်း၊ဒုတိယပိုင်း ၅၉မိနစ်တွင် ပယ်နယ်တီပြစ်ဒဏ်ဘောမှတစ်ဆင့် စိုင်းမြတ်မင်းမှ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။အာဖကန်နစ္စတန်အသင်းအတွက် ခြေပဂိုးကို ပွဲချိန် ၇၄ မိနစ်တွင်Yasin Noorzahi က သွင်းယူပေးခဲ့သည်။
မြန်မာယူ ၁၇ အသင်း အနေဖြင့် နိုဝင်ဘာ ၂၄ရက်တွင် နီပေါအသင်း၊နိုဝင်ဘာ ၂၈ရက်တွင် အိုမန်အသင်း၊နိုဝင်ဘာ ၃၀ရက်နေ့တွင် ဆီးရီးယားအသင်းတို့ကို အိမ်ကွင်းသုဝဏ္ဏတွင် ဆက်လက် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး တစ်သင်းသာခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။မြန်မာအသင်းပွဲစဥ်အား လုံး ညနေ ၄နာရီတွင်ယှဥ်ပြိုင်မည်ဖြစ်သည်။ HM