ရန်ကုန်၊ ဒီဇင်ဘာ ၆
အာရှဖလားခြေစစ်ပွဲအောင် U 17 အားကစားသမား ညီညီသန့်နှင့် စိုင်းမြတ်မင်းတို့အား ရွှေပြည်သာ မြို့သူ၊မြို့သားများမှ ဂုဏ်ပြုပွဲအခမ်းအနားကို ဒီဇင်ဘာ ၅ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဂုဏ်ပြုပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးဦးသိန်းလှိုင်က "အခုလို U17 ကစားသမားလေးတွေဖြစ်တဲ့ ရွှေပြည်သာမြို့နယ်က ကလေးတွေကို ဂုဏ်ပြုမယ်လို့ ကြားရတော့ အရမ်းလည်းဝမ်းသာပီတီဖြစ်ရပါတယ်။ ဒါကြောင့် ညီငယ်လေးတွေအနေနဲ့ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးစားအားထုတ်ပါ။ အာရှကနေ ကမ္ဘာအထိအောင်မြင်တဲ့ အားကစားသမားတွေ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်"ဟု ပြောကြားခဲ့သည်။
အဆိုပါအာရှဖလား ခြေစစ်ပွဲအောင် U-17 ဘောလုံးအသင်းမှ ရွှေပြည်သာမြို့နယ်နေ ဘောလုံးသမားနှစ်ဦးအား ဂုဏ်ပြုဆုငွေများ ချီးမြင့်ပေးခဲ့ကြသည်။
"သားလေးအခုလို အောင်မြင်တဲ့အတွက် ဝမ်းသာပါတယ်။ ပရိသတ်တွေကလည်း ရွှေပြည်သာမြို့နယ် တစ်မြို့လုံးက ကြိုဆိုပေးတဲ့အတွက် ကျေးဇူတင်ပါတယ်။ သားလေးကို အခုလို ဖြစ်အောင် သင်ကြားပေးတဲ့ ဆရာသမားအားလုံးကိုလည်း ကျေးဇူတင်ပါတယ်" ဟု မောင်စိုင်းမြတ်မင်း၏မိခင် က ပြောကြားခဲ့သည်။
အာရှဖလားခြေစစ်ပွဲအောင် U -17 အားကစားသမား စိုင်းမြတ်မင်းအား ရွှေပြည်သာမြို့နယ်၊ ဝါးတရာကျေးရွာနေ အိမ်ပြန်ရာလမ်းတွင် ရွှေပြည်သာ မြို့နယ်မှ ပြည်သူ၊ပြည်သား ထောင်ကျော်ခန့်မှ ကြိုဆိုကာ ပန်းစည်းများ၊ ဆုငွေများချီးမြှင့်ပေးခဲ့ကြကြောင်း၊ ထို့အပြင် ကြိုဆိုသည့် ပြည်သူ၊ပြည်သားများအတွက် ဝါဝါဝင်းမိသားစုမှလည်း မုန့်ဟင်းခါး အချိန် ၁၅၀ ခန့်အား စတုဒီတာအဖြစ်ကျွေးမွေးခဲ့ကြောင်း သိရသည်။
သက်မှူ


_1765002120.jpg)