ရန်ကုန် ဒီဇင်ဘာ ၆
အီဂျစ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲဖြင့် လာရောက်မဲပေးခဲ့ကြကြောင်းသိရသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲဖြင့် မဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ ကိုင်ရိုမြို့၌ နိုဝင်ဘာလ ၂၉ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်အထိ မဲရုံဖွင့်လှစ်ခဲ့ရာ အီဂျစ်နိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများနှင့် ကျောင်းသား/သူများ လာရောက်၍ ဆန္ဒမဲပေးခဲ့ကြကြောင်းသိရသည်။
ထို့ပြင် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ပြင်ပ၌ နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ရုံးပိတ်ရက်များဖြစ်သော ဒီဇင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် မဲရုံအား ဆက်လက်ဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင်များ လာရောက်မဲပေးခဲ့ကြကြောင်းသိရသည်။ HM