Breaking

‌ဂျပန်နိုင်ငံသို့ ပဲတီစိမ်းနှင့် ငရုတ်သီးမှုန့် တင်ပို့မှုအတွက် ပိုးသတ်ဆေးဓာတ်ကြွင်း စစ်ဆေးမှု စည်းကမ်းချက်အသစ်များဖြင့် ဆက်လက်စောင့်ကြည့် စစ်ဆေးမည်

ရန်ကုန်၊ ဇူလိုင် ၂၃
    ဂျပန်နိုင်ငံသို့ ပဲတီစိမ်းနှင့် ငရုတ်သီးမှုန့်တင်ပို့မှုအတွက် ပိုးသတ်ဆေးဓာတ်ကြွင်း စစ်ဆေးမှု စည်းကမ်းချက်အသစ်များဖြင့် ဆက်လက်စောင့်ကြည့် စစ်ဆေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
    "ဂျပန်နိုင်ငံကို မြန်မာ့ပဲတီစိမ်းနဲ့ ငရုတ်သီးမှုန့်တွေ တင်သွင်းရာမှာ ပိုးသတ်ဆေးဓာတ်ကြွင်း စောင့်ကြည့်စစ်ဆေးတဲ့ စည်းကမ်းချက်အသစ်တွေနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက အကြောင်းကြားလာပါတယ်။ အဲဒီအတွက် ကုန်သည် လုပ်ငန်း ရှင်တွေအနေနဲ့ မိမိတို့ ကုန်ပစ္စည်းတွေ ဂျပန်နိုင်ငံရဲ့ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိစေဖို့ အထူး ဂရုပြု ဆောင်ရွက်ကြဖို့လိုပါတယ်"ဟု မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
    စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်  Total Aflatoxin (B1, B2, G1 နှင့် G2 စုစုပေါင်းပါ ဝင်မှု)ကို ဂျပန်နိုင်ငံ၏ အစားအသောက်ဘေးကင်းလုံခြုံရေး အမိန့်အမှတ် 0816-2 ပါ စမ်းသပ်စစ်ဆေး မည့် နည်းလမ်းများအတိုင်း ဆက်လက်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
    သို့ဖြစ်ရာ အဓိကပြောင်းလဲမှုနှင့် သတ်မှတ်ချက်များအဖြစ် ငရုတ်သီးမှုန့်အပါ အဝင် မြန်မာနိုင်ငံ ထုတ် ငရုတ်သီးပွ၊ ငရုတ် သီးခြောက် (အနီရောင်) ပါဝင်သော အစားအသောက်များ တင်သွင်းမှုကို ဂျပန် နိုင်ငံမှ ဆက်လက်စောင့်ကြည့် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
    ထို့ပြင် ဂျပန်နိုင်ငံ၏ အမိန့်ကြေညာချက်အမှတ် ၀၃၃၁၊ နောက်ဆက်တွဲ(၂) အရ မြန်မာနိုင်ငံ ထုတ် ငရုတ်သီးပွ၊ ငရုတ်သီးခြောက် အစားအသောက်များ (အနီရောင်) ပါဝင်သော တင်သွင်းမှုနှင့် စပ် လျဉ်း၍ ကုမ္ပဏီနှင့် လုပ်ငန်းတချို့မှ တင်သွင်းမှုအပေါ် ကန့်သတ်ထားကြောင်းလည်း သိရသည်။
    အသေးစိတ် အချက်အလက်များနှင့် ဥပဒေထုတ်ပြန်ချက်များကို ဂျပန်လူမှုဖူ လုံရေးဝန်ကြီးဌာန ၏ နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုသွားနိုင် ကြောင်းသိရသည်။ PHYU

 

Total Views ~ 1

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63859

© 2022 - 2026 News. All Rights Reserved.