KIA စစ်ရှုံးလျှင် ငြိမ်းချမ်းရေးစားပွဲဝိုင်း ရောက်လာမည်ဟုဆို

နေပြည်တော်၊ သြဂုတ် ၂၀
    နယ်မြေချဲ့ထွင်တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည့် KIA လက်နက်ကိုင် အဖွဲ့အနေဖြင့် စစ်ရေးအရ ရှုံးနိမ့်လာလျှင် အစိုးရဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ဒီမိုကရေစီပါတီသစ်(ကချင်) အထွေထွေအတွင်းရေးမှူး ဦးခေါတိန့်က ပြော သည်။ 
    " KIA က ပြောထားတယ်။ ဆွေးနွေးစရာ အကြောင်းမရှိဘူး၊ အမြစ်ဖြတ်မယ် ကြွေးကြော်ထားတာ။ အခုကတော့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို လုပ်လာတယ်။ ဆွေးနွေးစရာရှိရင် ဆွေးနွေးမှာပဲ၊ တိုက်စရာရှိရင် တိုက်မှာပဲလေ။ နောက်ဆုံး KIA အနေ နဲ့ အင်အားမမျှ ရှုံးလာရင်တော့ တွေ့ဆုံပွဲကို လာကြမှာပဲ။ ဂွမ်မော်တို့ပြောသွားတာကို လေ့လာကြည့်ရင် ငြိမ်းချမ်းရေးလုပ်ဖို့ စကားက ခေါ်နေပြီ။ အဲဒါကိုမူတည်နေပြီ။ အစိုးရ အနေနဲ့က ဖိတ်ခေါ်ထားတာလာရင် ဆွေး နွေးမယ်။ မလာရင်တော့ အပြတ်ရှင်းရမှာပဲလေ။ နောက်ဆုံး အခြေအနေ မကောင်းရင် စားပွဲဝိုင်းလာကြမှာပဲ။ KIA က အားလုံးသိတဲ့ အတိုင်းပဲ သူတို့က အိပ်မက် မက်နေတာပဲလေ။ နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့အညီ သွားနေတာ။ လက်နက်ကိုင်အဖွဲ့တွေက အခြေခံဥပဒေကို ဆန့်ကျင်ပြီး လုပ်နေတာတွေလည်း ရှိတယ်။ ဆန့်ကျင်ရင် ဆန့်ကျင်တဲ့အတိုင်း ဖြေရှင်းရ မှာပဲ " ဟု ၎င်းင်းက ပြောသည်။ 
    နိုင်ငံတော်အစိုးရ ကမ်းလှမ်းထားသည့် နိုင်ငံရေးဆွေးနွေးမှုကို KIA အနေဖြင့် မလာခဲ့ပါက ဒေသခံပြည်သူများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခကို ဆက်လက်ခံစားနေ ရဦးမည်ဖြစ်ကြောင်း ဦးခေါတိန့်ကပြောသည်။ 
   " KIA က နှစ်ပေါင်းကြာခဲ့ပြီ။ လွတ်လပ်ရေးရပြီးနောက်မှာ KIA အဖွဲ့အစည်းရှိ လာတာက ဒီနေ့အထိ ဘာအကျိုးကျေးဇူး လုပ်ထားလဲ။ ကိုယ့်ဒေသ၊ ကိုယ့်ကချင်ပြည် နယ်အတွက် ဘာတွေလုပ်ပေးထားလဲ။ ပြည်သူအားလုံးက သိတယ်။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့အစည်း နယ်မြေ ပထဝီအနေအထားအရ သူတို့စိုးမိုးတဲ့နေရာ အစိုးရကလက် လှမ်းမမီနိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း ထိန်းချုပ်တဲ့နေရာတွေက နီးစပ်ရာဓားကို ကြောက်ရတယ် မပြောရဲဘူး၊ မဆိုရဲဘူး။ လက်ရှိမှာ ပြည်သူတွေက လက်နက်ကိုင်အဖွဲ့ အစည်းကို လက်ခံတယ်ဆိုတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့ အခါမှာ ပြည်သူတွေက ပြေးရ လွှားရ၊ တိုက်ပွဲရှောင်၊ အိုးပစ်၊ အိမ်ပစ် သွား ကြရတယ်။ လူ့အရင်းအမြစ်တွေ ဆုံးရှုံးရ တယ်။ လူငယ်လူရွယ်တွေက စုဆောင်းရေးပါသွားရင် လက်နက်ကိုင်အဖွဲ့ရဲ့ ထိန်းချုပ် နယ်မြေဆိုတော့ မလုပ်ချင်လည်း လုပ်ရတယ်။ အဲဒီအခါကျတော့ ပြည်သူလူထု ကချင်တိုင်း ရင်းသားတွေက လက်နက်ကိုင် KIA နဲ့ ကင်းသလားဆိုရင် မကင်းဘူး။ မကင်းရခြင်း အကြောင်းတရားက လူငယ်တွေ စီးပွားရေးအရ ကျောက်မှော်၊ ရွှေမှော်သွားမယ်၊ လမ်းမှာတွေ့ရင် KIA က ဖမ်းတယ်၊ ဆီးတယ်ဆိုတော့ ပြည်သူတွေက နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတာ။ တကယ်တမ်းဆိုရင် ကချင်တိုင်းရင်းသား ခြောက်မျိုးရှိတယ်။ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရမယ့် အနေအထားမှာ အခုလက်ရှိ ကချင်တိုင်းရင်းသားတွေမှာ KIA ကြောင့် စည်းလုံးညီညွတ်ရေးဆိုတာ အသီးသီးခံစားချက်တွေ ရှိလာတယ်။ အခု အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းထား တယ်။ KIA အနေနဲ့ မလာဘူးဆိုရင် လူထု အနေနဲ့က လက်နက်ကိုင်ပဋိပက္ခကို ဆက်လက်ခံစားနေရဦးမှာပဲ။ အခု ရှမ်းနီအဖွဲ့အ စည်းဆိုတာကလည်း KIA က နယ်မြေချဲ့ထွင် စိုးမိုးမှုအပေါ် မူတည်ပြီးတော့ နှစ်ပေါင်းများစွာ ဒုက္ခတွေ ခံစားလာရတော့ သူတို့လူမျိုးရေးအရ၊ လုံခြုံရေးအရ လှုပ်ရှားလာတာ။ ရှမ်းနီတိုင်းရင်းသားတွေက KIA ရဲ့ ညှဉ်းပန်း နှိပ်စက်မှု၊ ဖိနှိပ်မှုတွေကို မခံနိုင်တော့ တပ်မတော်အစိုးရနဲ့ ပူးပေါင်းပြီး ပြည်သူ့စစ် အဖွဲ့တွေလုပ်ပြီး သူ့နယ်မြေလုံခြုံရေးအ တွက် လုပ်လာကြတာ}}ဟု ၎င်းင်းကပြောသည်။ 
   KIO/KIA အနေဖြင့် ဗန်းမော်မြို့ သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းကို လုံး၀ရပ်တန့်ပေးရန်နှင့် ဗန်းမော်၊ မိုးမောက်၊ မံစီမြို့များမှ KIO/KIA ခြွင်းချက်မရှိ ထွက်ပေးရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီမှ သြဂုတ် ၁၀ ရက် ရက်စွဲနဲ့ သဘောထားထုတ်ပြန် တောင်းဆိုထားသည်။ 
    ထုတ်ပြန်ချက်တွင် တိုက်ပွဲရှောင် အများစု နေထိုင်ကြသည့် ရွှေကူမြို့ကို စားနပ်ရိက္ခာများ ပိုမရအောင် ပိတ်ပင်ထားသည် ကို ရုပ်သိမ်းပေးရန်၊ မည်သည့်အမုန်းတရားမျှ ဖန်တီးလုပ်ဆောင်ခြင်းမပြုဘဲ ပြည်သူလူ ထုအပေါ် စိတ်ရင်းစေတနာမှန်နှင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် KIO/KIA ကို တောင်းဆိုထား သည်။ KIA သည် PDF များကို ဦးဆောင်၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်နေသည်မှာ နှစ်ချီလာပြီ ဖြစ်သော်လည်း မအောင်မြင်သေးဘဲ ရှိနေသည်။
    အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ် မှုအရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် လာရောက်တွေ့ဆုံဆွေးသည့် EAOs  များမှာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) (မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ( SSPP))၊ ]ဝ} ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊  ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)နှင့်  7 EAO Alliance တို့ဖြစ်ပြီး KIA/  AA နှင့် CNF အဖွဲ့များ ပါဝင်လာခြင်း မရှိ သေးကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 27

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64671

© 2022 - 2026 News. All Rights Reserved.