NSPNC နှင့် EAOs များ ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးမှု ယခင်ကထက် အရွေ့တစ်ခု ပိုရှိလာကြောင်း ဒေါက်တာညိုညိုသင်း သုံးသပ်

နေပြည်တော်၊ ဇူလိုင် ၁၆
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များက ယခင်ကထက် အရွေ့တစ်ခု ပိုရှိလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာညိုညိုသင်းက သုံးသပ်ပြောဆိုသည်။ 
    "ငြိမ်းချမ်းရေးက အခုအစိုးရသစ် မတိုင်ခင်ကတည်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စတင်အကောင်အထည်ဖော်ခဲ့တယ်။ ပြန်လည် အကောင်အထည်ဖော်တယ်လို့ပြောရင် ပိုမှန်တယ်။ အဲဒီအရွေ့ ကလည်း တဖြည်းဖြည်းနဲ့တော့ ရွေ့နေတယ်လို့ တွေ့ရတယ်။ ကျွန်မတို့ ဒီကိစ္စအပေါ် အများကြီး အကောင်းမြင်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာက နေ့ချင်းညချင်း တည်ဆောက်လို့ရတဲ့ လုပ်ငန်းစဉ်မဟုတ်ဘူး။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို မျိုးကွဲပြားမှုတွေ များပြားတဲ့နိုင်ငံမှာ နေ့ချင်းညချင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေက သိသာထင်ရှားစွာ အောင်မြင်လာဖို့ကတော့ သိပ်မလွယ်ဘူး။ သို့သော် မလွယ်သော်လည်းဘဲ ကြိုးစားကြရမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းဆိုတာ Process တစ်ခုပါ။ ဒီနေ့လုပ် မနက်ဖြန်ရတဲ့ လုပ်ငန်းစဉ် မဟုတ်ဘူး။ တစ်ဖက်နဲ့တစ်ဖက် ကွဲပြားနေတဲ့ အင်အား စုတွေကြားထဲမှာ အမြဲတမ်းထိတွေ့ ဆက်ဆံမှုရှိနေရမယ်။ အခုလို စကားပြောဆိုတာတွေ NSPNC အနေနဲ့က အရင်ကထက်ပိုပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင် ရွက်လာနိုင်တာတွေကို တွေ့ရတာ အင်မတန်မှ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တန်ဖိုးရှိတဲ့ ခြေလှမ်းတွေလို့ မြင်တယ်။ အရင်ကထက်စာရင် အခုလှမ်းနေတဲ့ ခြေလှမ်းတွေက အရွေ့တွေ ပိုပြီးတော့ ရှိလာတယ်။ တချို့တွေက ေ၀ဖန်ကြတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အောင်မြင်မှာ မဟုတ်ဘူးဆိုပြီး ဝေဖန်တာ တွေရှိတယ်။ အဲဒီတော့ သူတို့မှာလည်း အတိတ်က ဖြစ်ရပ်တွေအပေါ် ကြည့်ပြီး ဝေဖန်တာလည်း ဖြစ်တဲ့အတွက် ဝေဖန်ခွင့်ရှိတယ်။ အဲဒီဝေဖန်ချက်တွေ အပေါ်မှာလည်း သည်းခံနားလည်ပြီး ကိုယ်လုပ်ရမယ့် အလုပ်ကို ဆက်ပြီး လုပ်ဖို့လိုတယ်။ လုပ်နေဖို့လိုတယ်"ဟု ၎င်းကပြောသည်။ 
    NSPNC သည် EAOs များနှင့် လစဉ် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားခြင်းဖြင့် အများမျှော်လင့်သည့် အားလုံးပါဝင်ရေးက အလှမ်းမဝေးတော့ကြောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် KNU/ KNLA-Pc တို့ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က တွေ့ဆုံ၍ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတို့အတွက် ပေါင်း စပ်ညှိနှိုင်း နွေးနွေးခဲ့ကြ ကြောင်း သိရသည်။ 
    လွန်ခဲ့သော ဇွန် ၁၀ ရက်ကလည်း 7 EAOs Alliance (NCA-S EAO) ခုနစ်ဖွဲ့နှင့် NSPNC တို့ အလွတ်သဘော တွေ့ဆုံဆွေး နွေးခဲ့ကြကြောင်း သိရသည်။ 
    အလားတူ NSPNC အနေဖြင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။ 
    လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကြိုတင်ကန့် သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် နိုင်ငံတော်အစိုးရက ကမ်းလှမ်းဖိတ်ခေါ်ထားသည်။ ကွန်းဈာန်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63726

© 2022 - 2026 News. All Rights Reserved.